နယူးယော့ခ်မာရသွန်တွင် နှစ်ပေါင်း(၄၀)အတွင်း အမေရိကန်အမျိုးသမီး ပထမဆုံးဗိုလ်စွဲ

ဆယ်စုနှစ်(၄)ခုကြာ နယူးယော့ခ်မာရသွန်(အမျိုးသမီး)ပြိုင်ပွဲမှာ အမေရိကန်တွေ အောင်မြင်မှု မရရှိခဲ့တာကို ဖလာနာဂန်ဆိုတဲ့ အမျိုးသမီးကချေဖျက်နိုင်ခဲ့ပါတယ်။

ဖလာနာဂန်ဟာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ(၂)နာရီ၊ (၂၆)မိနစ်နဲ့ (၅၃)စက္ကန့်မှာ(အတည်မပြုသေး) ပန်းဝင်ခဲ့ပြီး ဗိုလ်စွဲခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ကင်ညာနိုင်ငံသူ ကီတာနီကို တစ်မိနစ်၊ တစ်စက္ကန့်အသာနဲ့ အနိုင်ရခဲ့တာပါ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလာနာဂန်ဟာ မျက်ရည်လည်ရွှဲနဲ့ပန်းဝင်စည်းကို ကျော်ဖြတ်ခဲ့ပြီးနောက် အမေရိကန် အလံနဲ့အတူ ဂုဏ်ယူစွာ အောင်ပွဲခံခဲ့ပါတယ်။ ၁၉၇၇ခုနှစ်မှာ ဂျပန်-အမေရိကန်နွယ်ဖွား ဂေါ်မန် ဗိုလ်စွဲခဲ့ပြီးနောက် နယူးယော့ခ်မာရသွန်(အမျိုးသမီး)ပြိုင်ပွဲမှာ ဖလာနာဂန်ပထမဆုံး အောင်ပွဲခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

-Ref; Sky sports