မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးအဖြစ် နော်ဝေးနိုင်ငံသားကနုအော့စဘီအား ခန့်အပ်

 

ကုလသမဂ္ဂက နော်ဝေးနိုင်ငံသား ကနုအော့စဘီအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။  ၎င်းသည်မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေး ညှိနှိုင်းရေးမှူး အဖြစ်လည်း နိုဝင်ဘာ ၁ ရက်ကစ၍ ယာယီတာဝန်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး ရာထူးသက်တမ်းပြည့်၍ အခြားတာဝန်တစ်ရပ် ပြောင်းရွှေ့ထမ်းဆောင်ရမည့် ရီနာတာ၏ရာထူးကို မစ္စတာအော့စဘီက ဆက်ခံခြင်းဖြစ်သည်။ အတွင်းရေးမှူး ချုပ် ဂူတာ ရက်စ်က ရီနာတာ၏ မြန်မာနိုင်ငံ တွင်း ကုလသမဂ္ဂကိုယ်စားဆောင် ရွက်မှုများကြောင့် ကျေးဇူးတင် ကြောင်း ပြောသည်။

ယခုအသစ်ခန့်အပ်ခဲ့သော ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး အော့စဘီကို အာဖဂန်နစ္စတန်၊ မလေးရှား၊ မော်လ်ဒိုက်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ နယူးယောက်နှင့် ကိုပင်ဟေဂန်ရှိ ဌာနချုပ်တို့တွင် ခေါင်းဆောင်ပိုင်း ရာထူးများ တာဝန်ယူခဲ့သူဖြစ်သည်။ ၎င်းသည် နော်ဝေးနည်း ပညာတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ ရထားပြီး ဆွီဒင် နိုင်ငံ အပ်ပါဆာလာတက္ကသိုလ်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သီအိုရီများကို လည်း လေ့လာမှုများပြုလုပ်ခဲ့သူ ဖြစ်သည်။ ၎င်းသည် အိမ်ထောင်သည်ဖြစ်ပြီး သားသမီးသုံးဦးရှိသည်။ 7day daily

­Ref:UN