ပီအက်စ်ဂျီနှင့် မန်စီးတီး စည်းကမ်းချိုးဖောက်ပါက ချန်ပီယံလိဂ်မှ ထုတ်ပယ်ပေးရန် လာလီဂါဥက္ကဋ္ဌတိုင်ကြား

 ပြီးခဲ့သည့်အပြောင်း အရွှေ့ကာလများအတွင်း ငွေအမြောက်အမြားသုံးစွဲခဲ့သည့် ပီအက်စ်ဂျီနှင့် မန်စီးတီးအသင်း တို့သည် ဘဏ္ဍာငွေမျှတစွာ ယှဉ် ပြိုင်ရေး (FFP) စည်းကမ်းကို ချိုးဖောက်ခြင်းသေချာပါက ယင်းနှစ်သင်းကို ချန်ပီယံလိဂ်မှ ထုတ်ပယ် ပေးရန် လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘတ်စ်က ကြိုးပမ်းမည်ဟု ပြောသည်။

လီဂူးဝမ်းမှ ပီအက်စ်ဂျီနှင့် ပရီးမီးယားလိဂ်ထိပ်ဆုံးမှ မန်စီးတီးတို့သည် လိမ်ညာနေသည်ဟု တီဘတ်စ်က စွပ်စွဲပြီး ယင်းနှစ်သင်းသည် ဘီလျံနာ သူဌေးကြီးများ၏ ကျောထောက်နောက်ခံပြု ခြင်းကနေ၍ ဆက်လက် အကျိုးအမြတ် ရနေမည်ဟု ပြောသည်။

ပီအက်စ်ဂျီကို ကာတာအား ကစားရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ငွေကြေးထောက်ပံ့ထားပြီး မန်စီးတီးအသင်းကို သူဌေးကြီး ရှိတ်ခ်မန်ဆာက ပိုင်ဆိုင်သည်။

ယင်းနှစ်သင်းစလုံးသည် နေမာ၊ မက်ဆီ၊ ဆေးလ်ဗား၊ ဝေါ်လ်ကာ၊ မန်ဒီတို့ကဲ့သို့ ကြေးကြီး ကစားသမားများကို ငွေအမြောက်အမြားပေး၍ ခေါ်ယူထားသည်။

ယင်းနှစ်သင်း၏ အမှန်တ ကယ်ဝင်ငွေသည် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်နိုင်မည့် အခြေ အနေမရှိဘဲ လက်ရှိရင်းနှီးမြှုပ်နှံမှု ပမာဏမျိုးကို အစိုးရနှင့် ဆက်နွှယ်သော စပွန်ဆာများက ဈေးကွက်တွင် ဈေးနှုန်းနှင့် မညီသော ပမာဏပေးကာ သုံးစွဲနေသည်ဟု တီဘတ်စ်ကပြောသည်။

ပီအက်စ်ဂျီနှင့် မန်စီးတီးတို့ ၏ ဝင်ငွေကို ရီးရဲလ်၊ ဘာကာ၊ မန်ယူနှင့် ဘိုင်ယန်အသင်းတို့၏ ဝင်ငွေနှင့် နှိုင်းယှဉ်ကြည့် ပါက အဆိုပါငါးသင်းသည် ပိုသာနေ သည်ဟု တီဘတ်စ်က ပြောသည်။

—Ref:Goal