“ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး”

“ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး” ကွမ်းရွက်ဟာ ဆေးဖက်ဝင်တာ သိပြီးသားဖြစ်ပေမဲ့ သုံးပုံသုံးနည်း လေးတွေ ဖြစ်ပါတယ်။

၁- ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ရင် ကလေးတွေမှာ ဖြစ်တဲ့ အစာမကြေတာတွေ၊ လေပွတာ တွေ၊ ဝမ်းသွားတာတွေ ပျောက်ပါတယ်။

၂- မီးယပ်ကြောင့် စိတ်မငြိမ်မသက် ဖြစ်တာမျိုးရှိရင် ကွမ်းရွက်ညှစ်ရေကို နွားနို့နဲ့ သောက်ပေးရပါတယ်။

၃-ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နဲ့ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်သောက်တဲ့အခါ ပန်းနာ ရင်ကြပ်နဲ့ ကြက်ညှာချောင်းဆိုး ပျောက်ပါတယ်။

၎- ကွမ်းရွက်ကို နနွင်းနဲ့ကျိုပြီး ဆားနည်းနည်း ခပ်သောက်ရင် ဖျားနာရောဂါ ပျောက်ပါတယ်။

၅- ကွမ်းရွက်ကို မီးကင်ပြီး အုန်းဆီဆွတ်ကာ ကလေးတွေငယ်ထိပ်မှာ ကပ်ပေးထားရင် နှာစေးတာ ပျောက်ပါတယ်။

Credit: Duwun