ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ

ထိုင်းမြန်မာနယ်စပ်မဲဆောက်မြိုနဲ့ ရန်ကုန်ကိုသွားသွားမဲ့ လေကြောင်းခရီးစဉ်ကိုအောက်တိုဘာလ ၂၉ရက် နေ့က စတင်ပြေးဆွဲနေပြီဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ မဲဆောက်က ထိုင်းဘုရားဖူးခရီးသည်များ စတင်သွားကြတာဖြစ်ပြိး လေယဉ်ပေါ်မှာလူ၈၀ကျော်လိုက်ပါသွားခဲ့ပါတယ် ဒီလိုမဲဆောက်ရန်ကုန်ကို လေယာဉ်ခရီးရှိတဲ့အတွက် ကုန်သည်တွေအတွက်ကော ဆေးကုသမဲ့သူတွေအတွက်ပါ အဆင်ပြေချောမွေ့ နိုင်တယ်လို့ ဆိုကြပါတယ် မအေးအေးမာကသတင်းပေးပို့ထားပါတယ်

ထိုင်းလေကြောင်းတခုဖြစ်တဲ့ Nok air လေကြောင်လိုင်းဟာ မဲဆောက် ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲ နေပြိဖြစ်ပါတယ် တပတ်ကို ၃ရက်ခရီးစဉ်ရှိပြီးခရီးသည်တဦးကို ၁၂၉၉ ဘတ် နဲ့(မြန်မာငွေနဲ့ဆို ကျပ်ငွေ ငါးသောင်းကျော် ကုန်ကျမှာဖြစ်ပါတယ် အခုလို လေကြောင်းခရီးစဉ် ရှိလာတဲ့အတွက် ရန်ကုန်မဲဆောက် သွားလာနေတဲ့ကုန်သည်တွေအတွက် အဆင်ပြေနိုင်တယ်လို့မဲဆောက်မြိုကကုန်သည်တဦးကပြောပြပါတယ်

“ကုန်သည်တွေ ဘာတွေအတွက်ကတော့ ကျနော်ထင်တာ စာအုပ်နဲ့လာမယ်ဆို၇င် အဆင်ပြေသွားမှာပဲ ဆေးရုံဆေးခန်းတွေလည်း အလာများတယ် ကုန်သည်ငယ်တွေကတော့ အရောင်းအ၀ယ်ကိစနဲ လာတာ များတယ် အဆင်ပြေမလားဆိုတော့ လမ်းပမ်းဆက်သွယ်ရေး အရမ်းအဆင်ပြေသွားမယ် အချိန်တိုတိုနဲ့ ရောက်တဲ့အခါကျတော့ ကုန်သည်တွေအတွက်ဝယ်ရပြုရဆိုတာ့ခေတ္တ အချိန်နည်းနည်းပဲသုံးရတော့တာပေါ့ ”

အောင်တိုဘာလ ၂၉ရက်နေ့ကစတင်ပြေးဆွဲတဲ့မဲဆောက် ရန်ကုန်Nok air လေယဉ်ကို စီးသွားတဲ့ ခရီးသည် ၈၅ဦးရှိပြိး အများစုကတော့ ရန်ကုန်ကိုဘုရားဖူးသွားကြသူတွေများပါတယ် ထိုင်းနဲ့မြန်မာနိုင်ငံကူး လက်မှတ် ၇ှိတယ်ဆိုရင်တော့ ဗီဇာမလိုပဲ သွားလာနိုင်တာဖြစ်ပါတယ် လေကြောင်းလိုင်းဖွင့်ပွဲလုပ်ခဲ့တဲ့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကတော့ ကုန်သွယ်ေ၇းဆိုင်ရာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေနဲ့ လူမူရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမဲ့လေကြောင်း ခရီးစဉ်အဖြစ် ပြောဆိုပါတယ်

လေကြောင်းလိုင်းကတော့အပတ်စဉ်တနင်္ဂနွေ အဂီါနဲ့ဗုဒဟူးနေတွေမှာ မနက် ၁၁နာရီချိန်တိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ် ဒီအတွက် ရန်ကုန်ကနေ မဲဆောက်မြို အင်တာနေရှင်နယ်ဆေးရုံးကြီးမှာ ဆေးလာကုမဲ့ သူတွေလည်းအဆင်ပြေနိုင်သလို လေကြောင်းခရီးစဉ်ကြောင့် အချိန်မကုန်ပဲ နဲ့ခရီးသွားလာရေးလွယ်ကူ စေနိုင်တယ်ဆိုပြီး မြန်မာဘက်ကကုန်သည်တွေကပြောဆိုနေကြပါတယ်။

မအေးအေးမာ/ဗွီအိုအေ(မြန်မာပိုင်း)