စပိန်ကို အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလား အင်္ဂလန်ဆွတ်ခူး
အိန္ဒိယနိုင်ငံတွင် ကျင်းပနေသော ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ အင်္ဂလန်အသင်းက စပိန်ကို နှစ် ဂိုး ရှုံးနေရာ မှ ၅-၂ ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည်။
ပထမပိုင်းတွင် လက်ရှိဥရော ပယူ-၁၇ ချန်ပီယံ စပိန်က နှစ်ဂိုး သွင်းယူသော်လည်း ပထမပိုင်း ပြီးခါနီး၌ အင်္ဂလန်က တစ်ဂိုး ချေပခဲ့ပြီး ဒုတိယပိုင်းတွင် လေးဂိုး ဆက်လက်သွင်းယူကာ ချန်ပီယံ ဆုရယူခဲ့သည်။ အင်္ဂလန်အသင်းသည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလား၌လည်း ဗိုလ်စွဲခဲ့သည်။
စပိန်အသင်းသည် ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်ခြင်း ဖြစ်သော်လည်း လေးကြိမ်စလုံးရှုံး နိမ့်ခဲ့သည်။ အင်္ဂလန်က ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ရောက်ခြင်းဖြစ်ကာ ဗိုလ်စွဲခဲ့သည်။ အင်္ဂလန်သည် ယခုနှစ် ဥရောပယူ-၁၇ ပြိုင်ပွဲဗိုလ်လုပွဲတွင် စပိန်ကို ရှုံးနိမ့်ခဲ့ပြီး ယခုအခါလက်စားချေနိုင်ခြင်း ဖြစ်သည်။
အင်္ဂလန်တိုက်စစ်မှူး ဘရူး စကားသည် စုစုပေါင်းသွင်းဂိုး ရှစ်ဂိုးဖြင့် ပြိုင်ပွဲတွင် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သည်။
တတိယနေရာလုပွဲတွင် ဘ ရာဇီးက ဂျာမနီကို ၂-၀ ဂိုးဖြင့် နိုင်ပြီး တတိယနေရာ ရယူခဲ့ သည်။
ယခုပြိုင်ပွဲတွင် ပရိသတ် ၁ ဒသမ ၃ သန်းကျော် ရှိပြီး လွန်ခဲ့သော ခြောက်နှစ်က မက္ကဆီကိုမှ စံချိန် တစ်သန်းကို ချိုးဖျက်ခဲ့သည်။ ထို့အတူ သွင်းဂိုး ၁၈၃ ဂိုးသွင်းသော ၂၀၁၃ က ယူအေအီး ပြိုင်ပွဲစံချိန်ထက် ၁၁ ဂိုးပိုများခဲ့သည်။ ပြိုင်ပွဲရက် ၂၂ ရက်ရှိခဲ့ပြီး၅၂ ပွဲကစားခဲ့သည်။
ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်ယူ-၁၇ အသင်းကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် မန်စီးတီးနည်းပြ ဂွာဒီယိုလာတို့က ချီးကျူးပြီး ယင်းမှာ အင်္ဂလန်ဘောလုံးလောကအတွက် ကြီးမားသော ရှေ့သို့ လှမ်းချီမှု တစ်ခုဟု ပြောသည်။
အင်္ဂလန်ယူ-၂၀ သည် ပြီးခဲ့သည့် နွေရာသီက ကမ္ဘာ့ဖလား ရခဲ့ပြီး လပိုင်းအကြာတွင် ယူ-၁၇ အသင်း ကမ္ဘာ့ဖလား ရခြင်းဖြစ်သည်။
—Ref:AP