ကင်မရွန်းနိုင်ငံသား တာကမ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ဂျိုရွှာ ဟဲဗီးဝိတ်သရဖူ ထိန်းသိမ်း

ရှုံးပွဲမရှိ ဗြိတိန်လက်ဝှေ့ ချန်ပီယံအန်တိုနီဂျိုရွှာက ပြင်သစ် အခြေစိုက်ကင်မရွန်းနိုင်ငံသား တာကမ်ကို ၁၀ ချီ မြောက်တွင် ဒိုင်ပွဲရပ်ဖြင့် နိုင်ပြီး ၎င်း၏ IBF, WBA နှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်သရဖူများ ဆက်လက် ရယူထားသည်။

စနေနေ့က ကာဒစ်မြို့တွင် ကျင်းပသော လက်ဝှေ့ပွဲ၏ စတုတ္ထအချီ၌ ဂျိုရွှာ၏ ထိုးချက်ကြောင့် တာကမ် (၃၆)နှစ်၏ ညာမျက်လုံး အပေါ်နား ဆိုးဆိုးရွားရွားကွဲခဲ့ ပြီးနောက် ပြင်းထန်သော လက် သီးချက်များ ဆက်ထိကာ ၁၀ ချီ မြောက်၌ ဒိုင်လူကြီး ဖီးလ်အဒ် ဝပ်က ပွဲကိုရပ်ပြီး ဂျိုရွှာအား အနိုင်ပေးခဲ့သည်။

ဂျိုရွှာ (၂၈)နှစ်လည်း ဒုတိယအချီတွင် နှာခေါင်းရိုးကျိုးခဲ့သည်။ ဂျိုရွှာသည် မူလက ကူဘရတ်ပူလေ့ဗ်နှင့် ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းသည် လေ့ကျင့်ရင်း ဒဏ်ရာရသဖြင့် တာကမ်က စိန်ခေါ်ထိုးသတ်ခြင်း ဖြစ်သည်။

‘‘ဒီပွဲဟာ ဒိုင်က မရပ်ခိုင်းခင်အထိ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တာကမ်ကို အဆုံးစွန် လေးစားမှု ရှိပါတယ်’’ဟု ဂျိုရွာက ပြောသည်။အိုလံပစ်ချိန်ပီယံဟောင်း ဂျိုရာသည် ပွဲ ၂၀ စလုံးရှုံးပွဲ မရှိသေးပေ။ ဂျိုရွာကြိုးဝိုင်းထဲမှနေ၍ ပွဲအရာရှိ များပြောသောစကားကို ဂရုမစိုက်ဘဲ ပရိသတ်က တာကမ် သတိလစ်ပြီး လဲကျနေသည်ကို မြင်လိုသည်ဟု မိမိထင်ကြောင်း ပြောကြားသည်။

ဂျိုရွှာက အမေရိကန် WBC ချန်ပီယံဒီယွန်တေဝီလ်ဒါနှင့် ထိုးသတ်လိုသည်ဟု ပြောသည်။

—Ref:Reuters