လူငယ်တွေ့ဆုံပွဲနှင့် အ.ထ.က (ခွဲ) ကျောင်းသို့ သွားရောက်လုပ်အားဒါန ပေးလှူခြင်း/ ကေဂျီကလေးငယ်လေးများအား မုန့်ပဲသရေစာ ကျွေးမွေးခြင်း

(၂၅.၁၀.၂၀၁၇) ရက်နေ့ ၊ နံနက်(၉း၀၀) နာရီအချိန် ၊ မိုင်းပျဉ်း ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ ပါတီချစ် လူငယ်မောင်မယ်များနှင့် လူထုချစ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အရန် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီ လူငယ်တာဝန်ခံ ဒေါ်မေနှင်းသက်တို့က အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို တစ်ခန်းတစ်ကဏ္ဍရပ်နား၍ စီးတော်ယာဉ်များ ကိုယ်စီ ဖြင့် အ.ထ.က(ခွဲ) ကျောင်းသို့ ဆက်လက်ချီတက်သွားကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများက လှိုက်လဲပျူငှာစွာ ကြိုဆို၍ လူငယ်မောင် မယ်များ လုပ်အားဒါနပေးလှူရန် မြေနေရာများကို လိုက်လံပြသပါသည်။

ဆက်လက်၍ ကေဂျီတန်းများသို့ သွားရောက်ကာ ကလေးသူငယ်များ အား ချစ်ခင်ယုယစွာ နှုတ်ခွန်းဆက်သပြီး အာသာပြေ မုန့်ပဲသရေစာများ ကျွေးမွေးခဲ့ရာ ကလေး သူငယ်များကလည်း မိမိတို့ပြည်ခိုင်ဖြိုးပါတီ အောင်မြင်ပါစေကြောင်း ပျော်မဆုံး မော်မဆုံး ဆုမွန်ကောင်း တောင်းပေး ခဲ့ကြပါသည်။

crd;