ပါတီဝင်အဆိုပြုလွှာနှင့် ပါတီကြေးပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲဝင်များသည် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်တွင် မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ ငါးထပ်ကြီးဘုရားဝင်း ဓမ္မာရုံတွင်ကျင်းပသော ပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ ပါတီဝင်များတက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး လေးတူးအုပ်စု မိုးမခအုပ်စုများမှ ပါတီဝင် အသစ်များကိုယ်စား လေးတူးအုပ်စု၊ ပေါက်ကုန်းစွန်းအုပ်စု ရွာသစ်ကုန်းကျေးရွာ စည်းရုံးရေးမှူးမှ ပါတီဝင် အဆိုပြုလွှာများ၊ ပါတီဝင်ကြေးများအားပေးအပ်ရာ ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ဒေါက်တာ ဒေါ်စန်းစန်းနွယ် နှင့် မြို့နယ်ပါတီဥက္ကဋ္ဌမှ လက်ခံရယူသည်။

ထို့နောက် လေးတူးအုပ်စု မိုးမခကျေးရွာကျေးရွာ ပါတီဝင်တစ်ဦးမှ ပါတီဝင်ဖြစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီတံဆိပ်များ၊ အမှတ်တရ ပစ္စည်းများအားပေးအပ်သည်။
ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်မှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ အစည်းအဝေးအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

#ပသဆ