ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သောဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာ ခင်မောင်ထွန်းနှင့် ဇနီးဒေါ်ဥမ္မာသန်း၊ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်း ခရိုင်ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ ဒဂုံ(တောင်) မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်ပါတီ ခေါင်းဆောင်များနှင့် ကော်မတီဝင်များ၊ အမျိုးသမီးထု၊ လူငယ်ထုအင်အား ၁၈၅ ဦး တက်ရောက်ခဲ့ပါသည။်

အခမ်းအနားတွင် ဗဟိုကော်မတီဝင် ဦးတင်အောင်က မြန်မာနိုင်ငံတွင် ဖြစ်တည်နေသော နိုင်ငံရေးအခြေအနေနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက် နေသောအခြေအနေများအား အကျယ်တဝင့်ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းက ပါတီ၏ ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ပြီး အခမ်း အနားကို မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်