ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း (၁/၂၀၁၇ ) ဖွင့်ပွဲအခမ်းအနား အစီအစဉ် အား ယမန်နေ့ ၁၈.၁၀.၂၀၁၇ ရက်နေ့ ၀၈း၃၀ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်အနားတွင်  ပါတီဗဟိုကော်မတီဝင်၊ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရန်ကုန် မြောင်ပိုင်းခရိုင် ပါတီတာဝန်ခံ ဦးတင်မောင်ဝင်း၊ ဒေါက်တာနေလင်း၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာကျော်စိုးနှင့် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင် ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ခရိုင်တွင်းမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများနှင့် သင်တန်းသူ / သင်တန်း သားများ တက်ရောက်ခဲ့ပါသည်။

ယနေ့သင်တန်းတွင် ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်း| ကော့မှူးမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းနှင့် မရမ်းကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းတို့က သင်ခန်းစာများ ပို့ချ ခဲ့ပြီး သင်တန်းသို့ ခရိုင်တွင်း ၈ မြို့နယ်မှ မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသည့် သင်တန်းသူ/သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းအား 18- 10- 2017 မှ ယနေ့ 20- 10- 2017 ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ပါသည်။