ရန်ကုန်စည်ပင်ကော်မတီ ရွေးချယ်တင်မြှောက်ပြီးပါက ဌာနသုံးခုကလွဲ၍ စည်ပင်ဌာနအားလုံးကို ဖျက်သိမ်းမည်ဟုဆို

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပြီးပါက စည်ပင်သာယာရေးဌာန သုံးခုကလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ မူကြမ်း စိစစ်ရေးကော်မတီဝင် ဦးလှဌေးက ပြောသည်။

ကော်မတီတွင် စီးပွားရေး နှင့် စီမံခန့်ခွဲရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန သုံးခုမှလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းကာ ယင်းဖျက်သိမ်း ဌာနများ၏ လုပ်ငန်းဆိုင်ရာများကို အသစ်ရွေးချယ်ခံရသည့် စည်ပင်သာယာရေး ကော်မတီဝင်များက အုပ်ချုပ်မည်ဖြစ်ကြောင်း  မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

‘‘ဘာတစ်ခုမှ မထားတော့ ဘူး။ မထားဘဲနဲ့ ကျွန်တော်တို့ရွေး ချယ်လိုက်တဲ့ ကော်မတီဝင်တွေ  ဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့ ခုနစ်ဖွဲ့က ခွဲပြီးအုပ်ချုပ်သွားမယ်။ ရွေးချယ်လိုက်တဲ့ ကော်မတီဝင် တွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ်’’ ဟု ၎င်းကဆိုသည်။ ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ကော်မတီဝင်များအား အသစ်ပြန်လည်ရွေးချယ်ကာ စည်ပင်သာ ယာရေးဌာနများ ကိုလည်း အထက်ပါအတိုင်း ပြုလုပ်သွားရန် စီစဉ်ထားသည်။

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အစိုးရကခန့်အပ်သူလေးဦး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်း ခရိုင်နှင့် အရှေ့ပိုင်းခရိုင်မှ ရွေး ချယ်ခံလေးဦးနှင့် မြို့တော်ဝန် တစ်ဦး စုစုပေါင်းကိုးဦးထားရှိခဲ့ သော်လည်း ထွက်ရှိလာမည့် ဥပ ဒေမူကြမ်းတွင် ကော်မတီဝင် ၁၁ ဦးအထိ ရေးဆွဲထားကြောင်း ဦးလှဌေးက ဆိုသည်။ အဆိုပါ အသစ်ပြန်လည် ရွေးချယ်မည့် ကော်မတီဝင်အဖွဲ့ တွင် အစိုးရက ခန့်အပ်သူ လေးဦး၊မြို့တော်ဝန်တစ်ဦး၊ ပြည်သူလူထု က ရွေးချယ်သူ ခြောက်ဦး စုစု ပေါင်း ၁၁ ဦးပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုသို့ ချပြဆွေးနွေး သွားပြီး ဒီဇင်ဘာအမီ အတည်ပြုနိုင်ရန်ယင်း ကော်မတီက ကြိုးစားဆောင်ရွက်နေသည်။ ထို့အပြင် ၂၀၁၈ မတ်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်အဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် ကော်မတီရုံး၊ ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊ စစ်ဆေးရေးဌာန၊ ညှိနှိုင်းဆောင်ရွက်ရေးဌာန၊ ရာ ဖြတ်ဌာန၊ အခွန်ဌာန၊ ဈေးများ ဌာန၊ တိရစ္ဆာန်ဆေးကုနှင့် သား သတ်ရုံများဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာ န၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန၊ အင်ဂျင်နီယာ (လမ်းတံတား၊ အဆောက်အအုံ၊ ရေနှင့်သန့်ရှင်းမှု) အပါအဝင်ဌာန ၂၀ ရှိသည်။ ပန်းဥယျာဉ်နှင့်အားကစား ကွင်းများဌာနမှ အရှေ့ပိုင်းခရိုင် တာဝန်ခံတစ်ဦးက ယင်းဌာနများ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးကြောင်း ပြောသည်။

7day daily