Woodside က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် နောက်ဆုတ်ခြင်းမရှိဟု ကုမ္ပဏီ ပြန်ကြားရေး တာဝန်ရှိသူပြော

သြစတြေးလျရေနံကုမ္ပဏီ Woodside သည် မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ငန်းများ တွင် နောက်ဆုတ်ခြင်းမရှိကြောင်း ယင်းကုမ္ပဏီ အကြီးတန်းမီဒီယာ အကြံပေး Christine Forster က ပြောကြားသည်။ Woodside ကုမ္ပဏီသည် ရခိုင်မြောက်ပိုင်းရှိ AD-7 လုပ်ကွက်ကို တင်ဒါပယ်ဖျက်ကြောင်း၊ ရိုက်တာ သတင်းဖော်ပြချက်အပေါ် ကုမ္ပဏီဘက်က အထက်ပါ အတိုင်း ပြန်လည်ရှင်းလင်းဖြေ ကြားသည်။

‘‘Woodside ဟာ ၂၀၁၇ အတွက် လျာထားတဲ့ တူးဖော်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ပြီး Woodside ရဲ့ ၂၀၁၇ နှစ်လယ်အစီရင်ခံစာပါ အကြံပြုချက်များနဲ့အညီ ၂၀၁၈ အတွက် လုပ်ငန်း အစီအစဉ်တွေ ဆက်လက် ရေးဆွဲလျက်ရှိပါ တယ်’’ဟု ကုမ္ပဏီ၏ပြောရေးဆို ခွင့်ရှိသူက ပြောကြားထားကြောင်း Christine Forster က 7Day Daily သတင်းစာအား ပြောသည်။ ဧရာဝတီကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် များဖြစ်သည့် A-7 နှင့် AD-5 လုပ်ကွက်များတွင် ၂၀၁၈ အတွင်း သဘာဝဓာတ်ငွေ့တူးဖော်မည် ဖြစ်ကြောင်း သြစတြေးလျအခြေ စိုက် Woodside Energy ကုမ္ပဏီ က သြဂုတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ထား သည်။

Woodside ကုမ္ပဏီသည် ရခိုင်ကမ်းလွန်၊ ဧရာဝတီကမ်း လွန်တို့တွင် A-4, A-6. A-7, AD-2, AD-5, AD-7 လုပ်ကွက် များ စမ်းသပ်ရှာဖွေခွင့်ရရှိထား သည်။  A-7 လုပ်ကွက်တွင် Wood-side က ၄၅ ရာခိုင်နှုန်းရှယ်ယာ ပါဝင်ပြီး တူးဖော်ရေးအော်ပရေ တာအဖြစ် ဆောင်ရွက်ခြင်းဖြစ် သည်။ Shell ရေနံကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနှင့် MPEP က ၁၀ ရာ ခိုင်နှုန်းပါဝင်သည်။ AD-5 လုပ် ကွက်တွင် Woodside က ရှယ်ယာ၅၅ ရာခိုင်နှုန်းနှင့် Shell က ၄၅ ရာခိုင်နှုန်းရှယ်ယာပါဝင်သည်။

A-6 လုပ်ကွက်ရှာဖွေရေးတွင်း လေးတွင်းစလုံး ဓာတ်ငွေ့တွေ့ A-6 လုပ်ကွက်တွင် Wood- side ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် MPRL E&P ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဦးတင့်ဆွေက MPRL E&P သည် A-6 လုပ်ကွက်တွင် အော်ပရေတာအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၂ က စ၍ ၂၀၁၇ အထိ သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်းလေးတွင်း ဖော်ခဲ့ကြောင်း၊ ထိုတွင်းအားလုံး၌ဓာတ်ငွေ့ တွေ့ရှိထားကြောင်း ပြောသည်။

လက်ရှိတွင် တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ အနေအထားကို ခွဲခြားသတ်မှတ်ရန် ဆောင်ရွက်ပြီး တတိယအဖွဲ့အစည်း၏ ထောက်ခံမှုဖြင့် ထုတ်ပြန်ရန် စီစဉ်နေကြောင်း ဦးတင့်ဆွေက ရှင်းပြသည်။ A-6 လုပ်ကွက်တွင် MPRL E&P ကုမ္ပဏီက စွန့်စားရင်းနှီးမြှုပ် နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျ ရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&P က ၄၀ ရာခိုင်နှုန်းစီ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။