လက်စတာနည်းပြ ရှိတ်စပီးယား ထုတ်ပယ်ခံရ

 

လက်စတာစီးတီးက ​၎င်း တို့၏ နည်းပြ ရှိတ်စပီးယားကို ရာထူးသက်တမ်း လေးလအကြာတွင် ထုတ်ပယ်ခဲ့ သည်။

လက်စတာအသင်းသည် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သော ခြောက်ပွဲအတွင်း နိုင်ပွဲ တစ်ပွဲမျှ မရှိခဲ့ပေ။

အသက် (၅၃)နှစ်အရွယ် ရှိတ်စပီးယားသည် ဖေဖော်ဝါရီတွင် နည်းပြ ရာနီရေရီ၏နေရာ ဆက်ခံခဲ့ကာ ကနဦး၌ ယာယီနည်းပြအဖြစ်သာ တာဝန်ပေးအပ်ခံရပြီး ဇွန်လတွင် တရားဝင်နည်းပြအဖြစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်စတာအသင်းသည် အောက်တိုဘာ ၂၁ ရက်၌ ဆွမ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်က လက်စတာအသင်းသည် ၀က်စ်ဘရွန်းအသင်းနှင့် တစ်ဂိုးစီ သရေကျပြီးနောက် ရှိတ်စပီးယား နည်းပြရာထူးမှ ထုတ်ပယ်ခံရသည်။

ယခင်နည်းပြ ရာနီရေရီသည် လက်စတာအတွက် ပရီးမီးယားလိဂ်ဖလားရယူပေးခဲ့သော်လည်း ခြောက်ပွဲ ဆက်တိုက် နိုင်ပွဲမရရှိဖြစ်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ယခုနှစ်ရာသီတွင် လက်စတာအသင်းသည် ပရီးမီးယားလိဂ် ရှစ်ပွဲနှင့် EFL Cup ဖလားနှစ်ပွဲ စုစုပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲနိုင်၊ သုံးပွဲသရေနှင့် လေးပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့သည်။

လက်စတာအသင်းသည် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲအမှတ်ပေးဇယားတွင် ရှစ်ပွဲကစားပြီး ရမှတ်ခြောက်မှတ်နှင့် နံပါတ် (၁၈) နေရာ၌ ရပ်တည်လျက်ရှိသည်။

လက်စတာနည်းပြ ရာထူးကို ဘိုင်ယန်က ထုတ်ပယ်ထားသော နည်းပြ အန်ဆယ်လော့တီ က ဆက်ခံရန် ရေပန်းစားနေသည်။

-Ref:BBC