ပုဂ္ဂလိက ရုပ်သံလိုင်းငါးလိုင်းနှင့် မြန်မာ့ရုပ်သံ စည်းကမ်းသတ်မှတ်ချက်ဆိုင်ရာစာချုပ် မကြာမီချုပ်ဆိုမည်

ပုဂ္ဂလိကရုပ်သံလိုင်းငါး လိုင်း စတင်ထုတ်လွှင့်နိုင်ရန် မြန် မာ့အသံနှင့် ရုပ်မြင်သံကြားလုပ် ငန်း(MRTV)နှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ လာမည့်သုံးပတ်အတွင်း စာချုပ်ချုပ်ဆိုမည်ဟု MRTV ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ MRTV ကငှားရမ်းပေးမည့် အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းငါး လိုင်းတွင် ရုပ်သံထုတ်လွှင့်ခွင့်ရရှိသည့် ကုမ္ပဏီငါးခုကို ဧပြီလကတည်းက ကြေညာခြင်းဖြစ် သည်။

‘‘စာချုပ်ချုပ်မယ့် အချက်တွေကို ရှေ့နေချုပ်ရုံးကို တင်နေတာ။ ရှေ့နေချုပ်ရုံးကအခုမှ ပြန်ကျတယ်။ ပြင်ဆင်စရာရှိတာတွေ ပြန်ပြင်ဆင်ရဦးမှာဆိုတော့ လာမယ့်နှစ်ပတ်၊ သုံးပတ်အတွင်းတော့ သဘောတူ လက်မှတ်ထိုး ဖြစ်မယ်’’ ဟု MRTV ညွှန်ကြား ရေးမှူးချုပ်ဦးမြင့်ထွေးက ပြော ကြားသည်။

နှစ်ဖက်လိုက်နာရမည့် အချက်များ၊ စည်းမျဉ်းများကို စာချုပ်တွင် ထည့်သွင်းထားပြီး သဘောတူကြောင်း လက်မှတ်ရေးထိုးမည်ဟု ၎င်းကပြောသည်။ အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံ လိုင်းငါးလိုင်းကို ဒီဗီဘီ၊ မဇ္စျိမ၊ Fortune International၊ Kaung Myanmar Aung နှင့် Young Investment Group တို့က လုပ် ကိုင်ခွင့်ရရှိထားသည်။

ပုဂ္ဂလိက ရုပ်သံလိုင်းသစ် များအတွက် လိုအပ်သည့်စက် ပစ္စည်းများတင်သွင်းမည့် ကုမ္ပဏီများကို ပြန်ကြားရေး ၀န်ကြီးဌာနက တင်ဒါခေါ်ထားပြီးဖြစ် သည်။ လာမည့်တစ်ပတ်အတွင်း တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ များနှင့်ရုပ်သံထုတ်လွှင့်ခွင့်ရသူ များညှိနှိုင်းပြီး စက်ပစ္စည်းများ ၀ယ်ယူတော့မည်ဖြစ်ကြောင်းဦး မြင့်ထွေးက ပြောသည်။ ရုပ်သံလိုင်းသစ်ငါးလိုင်းမှာ မည်သည့်အချိန်တွင် စတင်ထုတ် လွှင့်နိုင်မည်ဟု အတိအကျမပြော နိုင်သော်လည်း စက်ပစ္စည်းများဝယ်ယူအပြီး တပ်ဆင်ရန်မှာသုံးပတ်မှ အများဆုံးတစ်လခန့်သာ ကြာမြင့်မည် ဖြစ်ကာ တပ်ဆင်ပြီး လျှင် စတင်ထုတ်လွှင့်နိုင်ပြီဖြစ် ကြောင်း ၎င်းကပြောသည်။

ရုပ်သံထုတ်လွှင့်ခွင့်ရ ဒီဗီဘီ မာလ်တီမီဒီယာ၏ မြန်မာနိုင်ငံ တာဝန်ခံဦးတိုးဇော်လတ်က ပြန် ကြားရေးဝန်ကြီး ဌာနက အချိန်ယူလွန်းသဖြင့် ရုပ်သံလိုင်းများစတင် ထုတ်လွှင့်ရန် အချိန်နောက်ကျ နေပြီဟုဆိုသည်။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းနှင့် နည်းဥပဒေရေးဆွဲခြင်း တို့အတွက်ကြာ မြင့်မည့်အချိန်အတွင်း ပုဂ္ဂလိက ရုပ်သံလိုင်းများရှိလာစေရန် လုပ်ကိုင်လိုသူများအား အဆိုပြုလွှာ များ ဖိတ်ခေါ်၍ ကုမ္ပဏီငါးခုကို စိစစ်ရွေးချယ်ခဲ့သည်။