စေတုတ္တရာမြို့နယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ၅ ဒိုင်နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား သို့ မင်းဘူးခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များနှင့်အတူ ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ တက်ရောက်လှူဒါန်း အားပေးချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားတွင်​ NLD ပါတီမှ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​​အောင်​လွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊ မင်းဘူးခရိုင်​​ကော်​မတီဝင်​ ဦးထွန်းခင်​နှင့်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​တပ်​စုမှူးများက အသီးသီး အမှာစကားပြောကြားကြပြီး ​စေတုတ္တရာ ပြည်​ခိုင်​ဖြိုးပါတီမှ ပထမဆု ၇ သောင်း ၊ ဒုတိယဆု ၅ သောင်း၊ တတိယဆု ၃သောင်း ၊
နှစ်​သိမ့်​ဆု ၁သောင်းဖြင့်​ အသင်း ၄ သင်း ၊ငဖဲမြို့ဥက္ကဌမှ အကြိုက်​ဆုံး​ဘောလုံးသမားဆု ၊​ရှေ့တန်းအ​ကောင်းဆုံးဆု၊ အလယ်​တန်းအ​ကောင်း ဆုံးဆု ၊ ​နောက်​တန်းအ​ကောင်းဆုံးဆု၊ ဂိုးသမားအ​ကောင်းဆုံးဆုများကို ချီးမြှင့်​ကာ အခမ်းအနားကို ည​နေ ၅းဝဝ နာရီအချိန်တွင်​ ရုပ်​သိမ်းခဲ့ကြပါ သည်​။

Crd;