တစ်စက္ကန့်လျှင်တစ်ကျပ်နှုန်းဖြင့် နိုင်ငံတာကာသို့ ဖုန်းခေါ်နိုင်မည့် အစီအစဉ် Ooredoo ပြုလုပ်

 

တစ်စက္ကန့်ကို တစ်ကျပ်နူန်းနဲ့ နိုင်ငံတာကာကို ဖုန်းခေါ်နိုင်မယ့် အစီအစဉ်တစ်ခုကို Ooredoo က ပြုလုပ် လိုက်ပါတယ်။ အဲဒီအစီအစဉ်ကို “ပျော်ရွှင်စရာတနင်္ဂနွေ” လို့ နာမည်ပေးထားပြီး တနဂ်နွေနေ့တိုင်း ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိသျှ နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအစရှိတဲ့ နိုင်ငံတွေကို တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်းအတွက် အသုံးပြုနိုင်မယ်လို့ Ooredoo Myanmar ကသတင်း ထုတ်ပြန်ပါတယ်။

လူအများစုအနေနဲ့ တနင်္ဂနွေနေ့တွေမှာ အိမ်မှာအနားယူ အပန်းဖြေကြပြီး နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မိသားစုနဲ့ မိတ်ဆွေတွေထံကို ဖုန်းခေါ်ဆို စကားပြောဖြစ်ကြတဲ့ အလေ့အထအတွက် ဒီအစီအစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ဟာ အောက်တိုဘာလ ၈ ရက် ကနေစပြီး အကျုံးဝင် တယ်လို့ သိရပါတယ်။

-ထွန်းထွန်း