၂ဝ၁၆-၂ဝ၁၇ခုနှစ် စာအောင်သံဃာတော်များကို ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ကန်/တောင် ရပ်ကွက် ထီးတန်းဓမ္မာရုံကြီးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စာအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော် ဘဒ္ဒန္တဦးဥက္ကံသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ၄င်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဦးဥက္ကံသ၊ မြို့နယ်သံဃာ့နာယကဆရာတော် ဘဒ္ဒန္တဦးဥာဏဓဇနှင့် ဆရာတော် များ၊ ရပ်ကွက်သံဃာ့နာယကအဖွဲ့ ဆရာတော်များနှင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်စာအောင်သံဃာတော်များက ကန်/တောင်၊ ကန်/နောက်၊ ကန်/ မြောက်၊ ကန်/ရှေ့ရပ်ကွက်ရှိလမ်း များသို့ ဆရာတော်သံဃာတော် ၆၇ ပါးတို့သည် ဆွမ်းဆန် စိမ်း အလှူခံကြွရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)