သနပ်ပင်ပြည်ခိုင်ဖြိုး မော်တာစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁)ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးများလူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းအနေဖြင့် မော်တာစက်ချုပ် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ (၁ဝ)ကြိမ်မြောက်အထိ သင်တန်းသူ ၃၅ဝ ကျော် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁နာရီက မော်တာစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို မြို့နယ်ပါတီကော်မတီရုံးတွင် ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သည့်သင်တန်းသူများ ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက လိုအပ် ချက်များကို အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။