မြောက်ကိုရီးယားသံအမတ်ကို အီတလီနှင်ထုတ်

 

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်လတ်တလောအတွင်း စမ်းသပ်မှုများနှင့်စပ်လျဉ်း၍ ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံအတွင်းမှ နှင် ထုတ်မည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာနို၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်း ဌာနက ဖော်ပြသည်။

သို့သော် အီတလီသည် ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းခြင်းသည် အသုံးကျသောကြောင့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည် မဟုတ်ကြောင်း အယ်လ်ဖာနိုက အီတလီသတင်းစာ တစ်စောင်အား ပြော သည်။

‘‘မြောက်ကိုရီးယား သံအမတ်ဟာ အီတလီကနေ ထွက်ခွာသွားရပါမယ်။ မြောက်ကိုရီးယားအနေနဲ့ ဦးတည်ရာ လမ်းကြောင်း မပြောင်းလဲဘူးဆိုရင် ဝိုင်းကြဉ်ဖို့ မလွဲမသွေ လိုတယ်ဆိုတာကို ပြုံယမ်းအစိုးရအပေါ် ကျွန်တော် တို့ ဖိအားပေးချင်ပါတယ်’’ဟု အယ်လ်ဇာနိုက ပြောသည်။

ပေါ်တူဂီနိုင်ငံက မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးများ ဖြတ်တောက်စဉ် စပိန်အစိုးရကလည်း စပိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကို ပြည်တွင်း၌ ဝင်ထွက်သွားလာခွင့်မရှိသည့် ပြည်ပနိုင်ငံသား အဖြစ် ကြေညာခဲ့ကြောင်း အယ်လ်ဖာနိုက ပြောကြားသည်။

 မြောက်ကိုရီးယားသည် အမေရိကန်ကို ထိအောင်ပစ်နိုင် စွမ်းရှိသည့် နျူထိပ်ဖူးတပ်ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေး ၎င်းတို့၏ ပန်းတိုင်ဆီသို့ အလျင်အမြန်ချီတက်နေပြီး စက်တင်ဘာ ၃ ရက်က ဆဌမမြောက်နှင့် အကြီးဆုံးနျူ စမ်းသပ်မှု ပြုလုပ်ခဲ့ကာ ပစိဖိတ်သမုဒ္ဒရာထဲတွင် ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မည်ဟု ခြိမ်းခြောက်ထားသည်။

—Ref: Reuters