MPT အချင်းချင်းဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၀ ကျပ်ပဲ ကျသင့်မယ့် အစီအစဉ်ဆောင်ရွက်မည်

MPT အချင်းချင်း ဖုန်းခေါ်ဆိုမယ်ဆိုရင် တစ်မိနစ်ကို ၁၀ ကျပ်ပဲ ကျသင့်တော့မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီအစီအစဉ်သစ်မှာ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ MPT ကနေ အခြားဆက်သွယ်ရေး အော်ပရေတာတွေကို ဖုန်းခေါ်ဆိုခြင်းတွေအပြင် စာတိုပေးပို့တာ၊ အင်တာနက် အသုံးပြုတာတွေကို အသက်သာဆုံးနှုန်းထားနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အသေးစိတ်မကြေငြာသေးပေမယ့် မကြာခင်မှာ ထုတ်ပြန်သွားမှာ ဖြစ်တ်ာလို့ သိရပါတယ်။

“ဈေးအသက်သာဆုံး ဖုန်းခေါ်ဆိုခ၊ စာတိုပေးပို့ခြင်း နဲ့ အင်တာနက် အသုံးပြုခတွေပါဝင်မယ့် နှုန်းထား အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါ တယ်၊ မကြာခင်မိတ်ဆက်ကြေညာမယ့် ဒီဝန်ဆောင်မှုအသစ်အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်” ဆိုပြီး MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။ ဘယ်လိုရ ယူရမလဲဆိုတာကိုတော့ မသိရသေးပေမယ့် အောက်တိုဘာလထဲမှာ စတင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

နှုန်းထားတွေအနေနဲ့ MPT အချင်းချင်းဖုန်းခေါ်ဆိုခ တစ်မိ နစ်ကို ၁၀ ကျပ်၊ အခြား Operator တွေကို ဖုန်းခေါ်ဆိုခ ၂၄ ကျပ်၊ စာတိုပေးခြင်းအတွက် တစ်စောင်ကို ၁၅ ကျပ်၊ အင်တာနက်ဒေတာ 1MB ကို ၈ ကျပ်နှုန်း သတ်မှတ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Source: Internet Journal