ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လပ်ကို ထောင်ဒဏ်ငါးနှစ်ချ

ဗန်ကောက် စက်တင်ဘာ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ်ကို နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆန်အမတော်ကြေး သုံးစွဲရာတွင် စီမံခန့်ခွဲရာ၌ ပေါ့ဆသည့်အတွက် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ရင်လပ်ကို သြဂုတ် ၂၅ ရက်ကစပြီး တရားခွင်၌ တရားစွဲဆိုခဲ့ရာ ရင်လပ်မှာ ရုံးတော်သို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ အံ့သြဖွယ်ရာပင် ၎င်းးကိုထောက်ခံသူများက တရားရုံးတွင် စုဝေးခဲ့ကြသည်။ ၄င်း၏ လက်ထောက်များက ရင်လပ်မှာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။

လွန်ခဲ့သောလက ရိုက်တာသတင်းတစ်ရပ်တွင် ရင်လပ်မှာ ဒူဘိုင်းသို့ ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။ ဒူဘိုင်းတွင် အစ်ကိုဖြစ်သူ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှိကာ ကိုယ်ပိုင်အိမ်တစ်လုံးလည်း ဝယ်ယူ ထားကြောင်း သိရသည်။

ရင်လပ်သည်၂ဝ၁၁ ခုနှစ်ရွေးကောက်ပွဲတွင် အာဏာရခဲ့ပြီး တောင်သူလယ် သမားများကို ဆန်အမတော်ကြေး ထုတ်ပေးခဲ့သည်။ ယင်းသို့ထုတ်ပေးမှုကြောင့် လယ်သမားများ၏ ထောက်ခံမှုကိုရရှိသော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးခဲ့ရသည်ဟု စွပ်စွဲခံရသည်။

(ရိုက်တာ)