Restaurant, Cafe Shop and Food Court လုပ်ငန်းသုံး ကွန်ပျူတာစနစ်တစ်မျိုးထွက်ရှိ

Café & Bakery , Fast Food , Food Court , Bar & Pub နှင့် Restaurant ဆိုင်များအတွက် စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ် Restaurant Management Software သစ်တစ်မျိုးထွက်ရှိလာတယ်လို့ Galaxy Software က သိရပါတယ်။

Galaxy Software ကရေးဆွဲထားတဲ့ စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ်ကို Touch Screen ပါတဲ့ Tablet နဲ့ အသုံးပြုနိုင်ပြီး စားသောက်ဆိုင် တစ်ခုလုံး၏ အရောင်းပိုင်း/ Order Taking / Billing / Kitchen Monitoring နဲ့ ကုန်ပစ္စည်း ထိန်းချုပ်မှုအပိုင်းတွေကို လွယ်ကူလျင်မြန်စွာ ထိန်းချုပ်နို်င်မှာဖြစ်ပါတယ်။ Software ရောင်းချပြီး ဝန်ဆောင်မှုပေးခြင်း (After- Sales Service) ကိုလည်း ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ၊ ပုသိမ်၊ တောင်ကြီး မြို့ တို့မှာရုံးခွဲတွေ ဖွင့်လှစ်ထားပြီး လုပ်ငန်းခွင်အရောက် သင်ကြားပေးတာတွေ ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

၆ လအတွင်း အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်ပြီး Software တန်ဖိုးအနေနဲ့ ၆ သိန်းကနေစတင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဖုန်း ၀၉ ၄၂၀၉၀၉၁၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း