သာကေတပြည်ခိုင်ဖြိုးပါတီလူငယ်ပရဟိတအဖွဲ့သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးဦးဇော်ဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လူငယ်ပရဟိတ     အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၅ဝ ဖြင့် ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ခြင်များမပေါက်ဖွားစေရေးအတွက် မြက်ပင်ရှည်များကိုမြက်        ဖြတ်စက်များဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

TKA(သာကေတ)