နေရပ်စွန့်ခွာ မောင်တောဒေသခံများနှင့် နယ်စပ်ခြံစည်းရိုးကာရန် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ် သိန်းနှစ်ထောင် လှူဒါန်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင်တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများအတွက်နှင့် နယ်စပ်ခြံစည်းရိုး ကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ်သိန်း ၂,၀၀၀ လှူဒါန်းနေစဉ် (ဓာတ်ပုံ − ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း-ဗဟို)

စက်တင်ဘာ ၂၁ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့သွားရောက် လှူဒါန်းခြင်းဖြစ်ကြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဆရာတော် ဦးသောပါက က မိန့်ကြားသည်။

‘‘ကာကွယ်ရေးဦးစီးချုပ်တို့ အလှူလက်ခံတဲ့နေရာမှာ သွား လှူခဲ့တယ်။ ရည်ရွယ်ချက်က သုံးခုရှိတယ်။ အကြမ်းဖက်ဘင်္ဂါလီတွေ သတ်လို့သေသွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အကြမ်းဖက်သမားတွေကြောင့် ဒုက္ခ ရောက်နေတဲ့ သူတွေနဲ့၊ တာဝန်ထမ်းဆောင်နေ တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ် ဖွဲ့ဝင်တွေအတွက် လှူခဲ့တာပါ’’ ဟု ဆရာတော်ဦးသောပါကက မိန့်ကြားသည်။

ထို့ပြင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက် ​လှူဒါန်းမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ဆရာတော် ဦးသောပါကက မိန့်ကြားသည်။

ကရင်ပြည်နယ် မဘသဇွဲက ပင်ဆရာတော်၊ မွန်ပြည်နယ် မြစေတီဆရာတော်တို့နှင့် အမျိုးသား ရေးဦးဆောင် ဆရာတော် ၁၆ ပါးသွားရောက် လှူဒါန်းခြင်းဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။ ရခိုင်ပြည်နယ်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့သည် ယခင်အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ကို ဖျက်သိမ်းကာ နာမည်ပြောင်းလဲထားသော အဖွဲ့ဖြစ်သည်။

(7days)