လူငယ်တွေခေါ်ယူမှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့မန်စီးတီးကို ဖီဖာစစ်ဆေးနေ

လူငယ်ကစားသမားတွေကိုခေါ်ယူမှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့မန်စီးတီးအသင်းတွေကို ဖီဖာကစုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ချဲလ်ဆီးအတွက်တော့ဒါဟာ တတိယအကြိမ်မြောက်စစ်ဆေးခံရခြင်းဖြစ်ပြီး ၂၀၀၉ တုန်းကဆိုရင် လူငယ်ုတွေ ခေါ်ယူခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

မန်စီးတီးဆိုရင်လည်းပြီးခဲ့တဲ့မေလတုန်းက လူငယ်တွေခေါ်ယူရာမှာစည်းမျဉ်းချိုးဖောက်ခဲ့မှုနဲ့ ဒဏ်ငွေပေါင် ၃၀၀၀၀၀ ပေးဆောင်ခဲ့ရပြီး လူငယ်ခေါ်ယူခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီပြစ်ဒဏ်ကိုအယူခံဝင်ခဲ့လို့ကျခံခဲ့ရခြင်းတော့မရှိပါဘူး။ဖီဖာဟာအသက် ၁၈နှစ်အောက်လူငယ်တွေခေါ်ယူရာမှာ အနိုင်ကျင့်သလိုဖြစ်မှာနဲ့ လူကုန်ကူးမှုလိုဖြစ်မှာ စိုးရိမ်လို့ စည်းမျဉ်း တွေကို တင်းကြပ်ထားပါတယ်။

90Minutes