ပြိုင်ဘက်မှာ ၀ိတ်မတူသော်လည်း မြန်မာ့ ဂုဏ်ဆောင်သူ တစ်ဦးဖြစ်ရန် ကြိုးစားမည်ဟု အောင်လအန်ဆန်ပြော

ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်မြို့၌ အောက်တိုဘာ ၃ ရက်တွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် မစ်ဒယ် ၀ိတ်တန်းချန်ပီယံ ကချင်တိုင်း ရင်းသား အောင်လအန်ဆန်အနေဖြင့် မိမိထက်ဝိတ် ကြီးသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မြန်မာ့ ဂုဏ်ဆောင်သူ တစ်ဦးဖြစ်ရန် ကြိုးစား မည်ဖြစ်ကြောင်း အောင်လအန်ဆန်က ၎င်းင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားထားသည်။

နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ Alain Ngalani ဆိုတဲ့ ကျွန်တော့်ထက် ၀ိတ်ကြီးတဲ့သူနဲ့ ယှဉ်ပြိုင်ရမှာပါ။ သူ့ကို The Panther လို့ခေါ်ကြတယ်။ သူ့ရဲ့ လူသိများတဲ့အဓိကအချက်က လျင်မြန်မှုနဲ့ ခြေကန်ချက်ပါပဲ။ သူက MMA မှာ ငါးပွဲ တိတိ ယှဉ်ပြိုင်ထားပြီး သုံးပွဲနိုင် နှစ်ပွဲရှုံးထားတဲ့သူ တစ်ယောက်ပါ။ Alain Ngalani က လွယ်လွယ်နဲ့ အနိုင်ယူလို့ ရလောက်မယ့် ပြိုင်ဘက်မဟုတ်ဘူး။

“ကျွန်တော့်ဘ၀အတွက် သမိုင်းဝင်စေမယ့် ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဘ၀မှာ စိန်ခေါ်မှု တွေ အများကြီးရှိနေတာက ကျွန်တော်တို့ကိုပိုပြီးစွမ်းဆောင်နိုင်တဲ့လူသားတွေအဖြစ် တွန်းပို့ပေးပါတယ်” ဟုပြိုင်ဘက်နှင့်ပတ်သက်၍ အောင်လအန်ဆန်က ပြောသည်။ ထို့ပြင် ယင်းပြိုင်ပွဲသည် ခက်ခဲမည့် ပွဲစဉ်ဖြစ်သော်လည်း မြန်မာ့ ဂုဏ်ဆောင်သူ တစ်ဦးဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းကို “ကျွန်တော့်အတွက် ဒီပွဲက ခက်ခဲမယ် ဆိုပေမယ့် မြန်မာပရိသတ်တွေရဲ့ ရှေ့မှာ ယှဉ်ပြိုင်ခွင့်ရတာကိုပဲ အား တက်စေပါတယ်။ မြန်မာ့ဂုဏ်ဆောင်သူ တစ်ဦးဖြစ်အောင် အကောင်းဆုံးကြိုးစား သွားပါ့မယ်လို့ ကတိပေးပါတယ်။ အားလုံး ရဲ့အားပေး ဆုတောင်းမှုနဲ့ အတူ ကျွန်တော် ဒီပွဲကိုအကောင်းဆုံး ယှဉ်ပြိုင်သွားပါမယ်” ဟု အောင်လအန်ဆန်က ပြောသည်။