မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်မနောသုခသွေးလှူရှင်များစုပေါင်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား တီရှပ်အင်္ကျီလှူဒါန်း

 

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မနော သုခသွေးလှူရှင်များ စုပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်း သူများအား တီရှပ်အင်္ကျီလှူဒါန်းခဲ့ ကြောင်း သိရသည်။
အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ဓမ္မ စကူးလ်သင်တန်းများကို နိုင်ငံ တစ်ဝန်း၌ အပတ်စဉ်တနင်္ဂနွေနေ့ တိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ဓမ္မစကူးလ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မနောသုခသွေး လှူရှင်နှင့်လူမှုရေးအဖွဲ့များက စုပေါင်း၍လှူဒါန်းခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ ဓမ္မစကူးလ် တံဆိပ်ရိုက်နှိပ်ထားတဲ့ တီရှပ်အင်္ကျီစုပေါင်းလှူဒါန်းတာ။ဒီလိုလှူနိုင်အောင် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမနောသုခသွေးလှူရှင်နှင့် လူမှုရေးအဖွဲ့တို့ပူးပေါင်း၍ ဆောင် ရွက်တာပါ။ကျွန်တော်တို့ ရှေ့ဆက် ပြီးလည်း အမျိုးဘာသာ၊ သာသနာ အကျိုးစွမ်းနိုင်သမျှစွမ်းဆောင်သွား မည်”ဟုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးညွန့်ဝင်းကပြောသည်။
မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် မြို့နယ်ပြည် ခိုင်ဖြိုးပါတီ မနောသုခသွေးလှူရှင် နှင့် လူမှုရေးအဖွဲ့တို့ ပူးပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၁၅ဝ အတွက် ဓမ္မစကူးလ်တံဆိပ် ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီ အထည် ၁၅ဝ ၊ စုစုပေါင်းတန်ဖိုး ကျပ် ၁၈ဝဝဝဝ ကို စုပေါင်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

EPN