ဘီးလင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီလပတ်​အစည်း​ဝေး ကျင်းပ

 

မွန်​ပြည်​နယ် ဘီးလင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လစဉ်ပုံမှန်လပတ်အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်နေ့က ၁၁ နာရီ က ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး     အစည်း​ဝေခန်းမတွင်​​ တွေ့ဆုံကာ ပါတီ​ရေးရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြ​ကြောင်း​သိရသည်​။

အစည်း​ဝေးတွင်​ မြို့နယ်​ပါတီဥက္ကဋ္ဌဦးမြင့်​​ဆွေမှ မိမိတို့ပါတီသည်​ ပြည်​သူ့ပါတီဖြစ်သည်နှင့်​အညီ နိုင်ငံ​တော်​နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားကိုကာကွယ်​​စောင့်​​ရှောက်​လျက်​ရှိ​ကြောင်း၊မိမိတိုပါတီဥက္ကဋ္ဌကြီး၏ လမ်းညွန်းချက်​များ၊ မိန့်​ကြားချက်​များအား မှုဝါဒများအဖြင့်​ ခံယူကာ ပါတီ ကို ပြည်​သူချစ်​​သော ပါတီဖြစ်​​စေရန်​ ရပ်​​/ကျေးအသီးသီးမှ လိုက်​နာ​ဆောင်ရွက်​သွားကြရမည်​    ဖြစ်​​ပါကြောင်း ပြောကြားသည်​။

ထို့နောက် ဘီးလင်းမြို့နယ်​ အတွင်း​ရေးမှူးဦး​ကျော်​​ဇေယျာမင်းမှ ပါတီ လုပ်ငန်းများအား ရပ်/ကျေးစည်းရုံးရေး​မှူးများအား ထပ်ဆင့် ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်းသိရသည်​။

အဆိုပါအစည်း​ဝေးသို့ ခရိုင်ပါတီကော်​မတီဝင်​​ ဒေါ်နန်းဦး၊ ဦးသန်းလွင်​ဦးနှင့်​ ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေ၊အတွင်း​ရေးမှူးဦး​ကျော်​​ဇေယျာမင်း၊ မြို့နယ်​​ကော်​မတီဝင်​  များနှ င့်​ရပ်/​ကျေးစည်းရုံးရေး မှူးများ စုစုပေါင်း ပါတီ ၅၀ ဦး တက်​​ရောက်​​ခဲ့ကြောင်းသိရသည်​။

#Admin_team