Bonfire video chat app ကို Facebook စမ်းသပ်နေ

Bonfire လို့ခေါ်တဲ့ standalone group video chat app တစ်ခုကို Facebook က စမ်းသပ်နေတယ်လို့ ဇူလိုင်လက သတင်းထွက်ပေါ်လာပြီးနောက် အခုအခါ အဲ့ဒီ app က ဒိန်းမတ် Apple App Store ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို့ The Next Web က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ app ဟာ သူငယ်ချင်းအများအပြားနဲ့ တစ်ပြိုင်နက် video chat ပြုလုပ်နိုင်စေရုံသာမက Snapchat ပုံစံ effect တွေ ထည့်သွင်းပြီး Instagram, Facebook နဲ့ Messenger တို့မှာ ဝေမျှနိုင်တယ်လို့ သိရပါတယ်။

Chat တစ်ခုအတွင်း ထည့်သွင်းခံထားတဲ့ သူငယ်ချင်းတွေဟာ Messenger မှာ notification တစ်ခု ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ app ကို download ပြုလုပ်ထားတဲ့အရေအတွက် ၂,၀၀၀ ခန့်ရှိတယ်လို့ The Next Web က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge