ရခိုင်ပြည်နယ်အရေး မြန်မာနိုင်ငံဘက်က ရပ်တည်သွားမည်ဟု တရုတ်သံအမတ်ကြီးပြော

ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်မည်ဖြစ်ပြီး တရုတ်နိုင်ငံ မီဒီယာ များအား ရခိုင်ကိစ္စ သတင်းမှန် ထုတ်ပြန်နိုင်ရေး တိုက်တွန်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားသည်။

၂၀၁၇ စက်တင်ဘာ ၁၃ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်း မြတ်အေးအား သံအမတ်ကြီးက လာရောက်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ရပ်တည်ချက်သည် ရှင်းလင်း ကြောင်း၊ ရခိုင်အရေးသည် မြန်မာနိုင်ငံ ပြည်တွင်းအရေးဟု ယူဆပါကြောင်းနှင့် အစိုး ရက အကြမ်းဖက်သမား တိုက်ဖျက်ရေးနှင့် ပြည်သူတို့ ကူညီနိုင်ရေး ဆောင်ရွက်မှုအပေါ် ထောက်ခံကြောင်း သံအမတ်ကြီးကပြော ကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မိတ်ဆွေ မြန်မာနိုင်ငံ အခက်အခဲဖြစ်နေချိန်တွင် အကူ အညီပေးလိုပြီး ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကူညီရေးကို တရုတ်နိုင်ငံဘက်မှ လူမှုရေးတာဝန်အဖြစ်ယူဆကြောင်း ၎င်းက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဟိန္ဒူဘာသာကိုးကွယ်သူ ငါးဦးကို မွတ်စလင်အဖြစ် အကျပ်ကိုင်စေခိုင်းပြီး လိမ်ညာဇာတ်လမ်းဆင်၍ ဗီဒီယိုရိုက် ကူးဖြန့်ချိမှုများရှိနေကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က တရုတ်သံအမတ်ကို ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း တရုတ်နှင့် မြန်မာ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုက အလုပ် အကိုင်အခွင့်အလမ်းများ ဖော် ဆောင်ပေးနိုင်မည်ဟု ယူဆပြီး အရေးကြုံတိုင်း ဆွေမျိုးပေါက် ဖော်စိတ်ဓာတ်ဖြင့် ကူညီသည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိ ကြောင်း ဒေါက်တာဝင်းမြတ် အေးက ပြောသည်။

တရုတ်နိုင်ငံ သံအမတ်ကြီးက ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးလိုအပ်သည့် ပစ္စည်းစာရင်းများကို မြန်မာ အစိုးရက သံတမန်နည်းလမ်းဖြင့် အမြန်ပို့ပေးပါရန်နှင့် တရုတ်နိုင်ငံဘက်က အမြန်ဆုံးကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။