မာဆယ်လိုနှင့် ရီးရဲလ်မက်ဒရစ် ၂၀၂၂ အထိ စာချုပ် သက်တမ်းတိုး

ဘရာဇီးဘယ်နောက်ခံလူ မာဆယ်လိုကို ရီးရဲလ်က ၂၀၂၂အထိ စာချုပ်သက်တမ်းတိုးမည် ဖြစ်သည်။ မာဆယ်လို၏ လက်ရှိစာချုပ်သည်၂၀၂၀ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအတွက် စာချုပ်သစ် လက်မှတ်ရေးထိုးပွဲ ကို ယနေ့ပြု လုပ်မည်ဖြစ်ကြောင်း ရီးရဲလ်က ကြေညာသည်။

မာဆယ်လိုသည် အသက် (၁၈)နှစ်အရွယ်တွင် ဘာနေဗျူး သို့ ၂၀၀၇ က ရောက်လာခဲ့ပြီး အသင်းဒုတိယ ခေါင်းဆောင်အထိ တာဝန်ပေးအပ်ခံရကာ ရီးရဲလ်အတွက် ၄၁၅ ပွဲ ပါဝင်ကစားထားသည်။ မာဆယ်လိုသည် စာချုပ် သစ်ချုပ်ဆိုမှုနှင့်အတူ ယခင်က တစ်နိုင်ငံတည်းသား ရောဘက်တိုကားလို့စ်၏ ၅၂၇ ပွဲစံချိန်ကို မီလာနိုင်သည်။

မာဆယ်လို (၂၉)နှစ်သည် ရီးရဲလ်နှင့်အတူ လာလီဂါဖလား လေးလုံး၊ ချန်ပီယံလိဂ်ဖလား သုံးလုံးရရှိထား သည်။ မာဆယ်လိုသည် တနင်္ဂနွေနေ့တွင် ရီးရဲလ်ဆိုစီဒက်နှင့် ရင်ဆိုင်မည့်ပွဲ၌ နှစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည် မဟုတ်ပေ။

—Ref:Sky Sport