နိုင်ငံတော်ဆူပူမှုဖြစ်အောင် ဆောင်ရွက်နေခြင်းမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီငြင်းဆို

ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်ဖန်တီးဆောင်ရွက်နေခြင်းသည် ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ပြီး ပြတ်ပြတ် သားသားအရေးယူဆောင်ရွက် ရန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပါတီတာဝန်ရှိသူများက ယင်းသို့ ပြောဆိုခဲ့သည်။ ‘‘USDP ပါတီ အနေဖြင့် လက်ရှိ ဆူပူမှုတွေမှာ ပါဝင်ပတ် သက်မှုလုံးဝမရှိဘူးလို့ ပြောချင် ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

လတ်တလောနိုင်ငံတော်ကို ဆူပူမှုဖြစ်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နိုင်ငံရေး ပါတီအချို့က သွေးထိုလှုံ့ဆော်မှုများ လုပ်ဆောင် နေသည်ဆိုသည့် စကားသံများ ပေါ်ထွက်လာကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီအဖွဲ့ဝင် ဦးပိုက်ထွေးက ပြောသည်။ ပြည်သူများ၏ စိုးရိမ်ကြောင့် ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ညွှန်ကြားထား သည်။

‘‘အခုလို ကျွန်တော်တို့ကို မဟုတ်တမ်းတရမ်း စွပ်စွဲပြီးတော့မှ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အဖွဲ့အစည်း အားလုံး နိုင်ငံသားအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း  ပူးပေါင်းပြီးတော့မှ နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ ဒီကိစ္စကို ဆောင်ရွက်မယ့်နေရာမှာ ကျွန်တော်တို့ အချင်းချင်းတွေရဲ့ ယုံကြည်မှုပျက်ပြားသွားအောင်၊ သွေးကွဲအောင် ဒီလိုမျိုးပယောဂတွေဝင်ပူးပြီးတော့မှ မဟုတ်ကဟုတ်ကတွေ စွပ်စွဲပြီးမှ ဆောင်ရွက်နေတာ လည်း ဒါနိုင်ငံတော်ရဲ့သစ္စာဖောက်ပဲ။ ကျွန်တော်တို့ရဲ့အမျိုးသားသစ္စာဖောက်ပဲ။ ဒီလိုလောက်ကောင်တွေကို ကျွန်တော်တို့ နိုင်ငံတော် အစိုးရအနေနဲ့ရော ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးအနေဲ့ရော နိုင်ငံသား အားလုံးကရော ၀ိုင်းဝန်းဖော်ထုတ်ပြီးတော့ ပြတ်ပြတ်သားသားအရေးယူဖော်ထုတ်ဖို့လိုတယ်’’ ဟု ပြည်ခိုင်ဖြိုး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်များနှင့်ပတ် သက်၍  ပြည်ခိုင်ဖြိုးပါတီမှ နောက်ကွယ်က ငွေကြေးထောက် ပံ့ကာ ဆူပူအုံကြွမှု ဖြစ်စေရန် လမ်းညွှန်နေကြောင်း လူမှုကွန်ရက် တွင် ရေးသားနေမှုအပေါ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဥပဒေနှင့် အညီ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထား ခဲ့သည်။  (7day daily )