ပြင်သစ်၌ အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သပိတ်မှောက်

ပဲရစ်၊ စက်တင်ဘာ ၁၃

ပြင်သစ်နိုင်ငံမှ ကုန်သွယ်မှုသမဂ္ဂအများအပြားသည် သမ္မတအမိန့်ဖြင့် အတည်ပြုတော့မည့် အလုပ်သမား ဥပဒေပြောင်းလဲမှုမူကြမ်းကို ဆန့်ကျင်သည့်အနေဖြင့် အင်္ဂါနေ့တွင် သပိတ်မှောက်မှုများ၊ဆန္ဒထုတ်ဖော်မှုများကို စီစဉ်ပြုလုပ်ခဲ့ကြသည်။

အထွေထွေအလုပ်သမားအဖွဲ့အစည်း (CGT) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအလုပ်သမားအစည်းအရုံး (UNSA) နှင့် ကျောင်းသားသမဂ္ဂ ( UNEF) တို့သည် အလုပ်သမားဈေးကွက်ကို ပိုမိုပြောင်းလွယ်   ပြင်လွယ်အောင် လုပ်ဆောင် သွားမည့် သမ္မတအီမန်နျူရယ်မက်ခရွန်၏ အစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြ သည်။

မက်ခရွန်၏အမိန့်ဖြင့် ထိုမူကြမ်းကို စက်တင်ဘာလ ၂၂ရက်နေ့တွင် ပြင်သစ်အစိုးရအဖွဲ့မှ အတည်ပြုမည်ဖြစ်ပြီး ချက်ချင်းဆိုသလို ထိုဥပေဒကို အသုံးပြုပြဌာန်းသွားမည်ဖြစ်သည်။

သပိတ်မှောက်ဆန္ဒပြမှုများသည် အစိုးရဌာနအသီးသီးများ၊ စွမ်းအင်နှင့် အများပြည်သူပို့ဆောင်ရေးဝန်ကြီးဌာန နှင့် အထူးသဖြင့် မီးရထားဝန်ကြီးဌာနကို ဦးတည်ကာ ဆန့်ကျင်သွားခြင်းဖြစ်သည်။

ပြင်သစ်မီးရထားကုမ္ပဏီ SNCF က ဆန္ဒပြသူများ၏ ရည်ရွယ်ချက်ကြောင့် ၄င်းတို့ကုမ္ပဏီမှ ပြေးဆွဲနေသော ခရီးဝေးရထားခရီးစဉ်များကို ၁၀ မှ ၅၀ ရာခိုင်နှုန်းအထိ ဆိုင်းငံ့ထားခဲ့ရကြောင်း ကြေညာခဲ့သည်။

ပဲရစ်မြို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်အတိုင်းလည်ပတ်နေသော်လည်း အခြားမြို့များဖြစ်ကြ သော လိုင်ယွန်၊ မာဆေးလ် နှင့် နိုက်စ်တို့တွင် ပြသနာများဖြစ်ပေါ်နေသည်။

Ryanair လေကြောင်းလိုင်းမှလည်း ၄င်းတို့၏လေကြောင်းခရီးစဉ် ၁၁၀ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်းနှင့် ပြင်သစ် လေကြောင်းဌာနကလည်း ၄င်းတို့၏လေကြောင်းခရီးစဉ်များ ကြန့်ကြာနေခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝှမ်း၌ အင်္ဂါနေ့တစ်လျှောက်လုံး ဆန္ဒပြမှုများ ၂၀၀ ၀န်းကျင်ခန့် ဖြစ်ပွားခဲ့ပြီး ပဲရစ်မြိှု့ရှိ ဆန္ဒပြပွဲ မှာ အကြီးမားဆုံးဖြစ်သည်။

(Mizzima)