ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို သမ္မတ အမိန့််ဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို လူကယ် ပြန် ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတက စက်တင် ဘာ ၁၂ ရက်တွင် အမိန့်ထုတ်ပြန်ဖွဲ့ စည်းခဲ့သည်။

မောင်တောဒေသစုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်။ ကော်မတီတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပူးတွဲဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး၊ သာသနာရေး နှင့် ယဉ်ကျေးမှုအပါအဝင် ဝန်ကြီးဌာနဆယ်ခုမှ အမြဲတမ်းအတွင်းဝန် ကိုးဦး၊ ခေတ္တညွှန်ကြားရေးမှူးချုပ် တစ်ဦးက အဖွဲ့ဝင်အဖြစ်ပါဝင်သည်။

ထို့အပြင် နယ်စပ်ရေးရာဒုဝန်ကြီးက အတွင်းရေးမှူးနှင့် လူကယ်ပြန်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တွဲဖက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ကော်မတီအနေဖြင့် တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့်မတူကွဲပြားသည့်လူမှု အသိုက်အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်ရေး၊ တိုင်းရင်းသားကျေးရွာများ ရေရှည် ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေး၊ အကြမ်းဖက်တိုက်ခိုက်မှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင် ရေးနယ်မြေဖြစ်လာစေရေး၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များမှ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ်ပေးသောမူဝါဒနှင့်အညီ စီမံခန့်ခွဲရေးအပါအဝင် အချက် ၁၀ ချက်ကို အကောင်အ ထည်ဖော်ရမည် ဖြစ်သည်။ ထို့အပြင် ကော်မတီ၏အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှု  အစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်ဖြစ်သည်။

(7day daily )