မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ၏ အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ခေတ်ဖက်ရှင်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခမဲ့အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၇)ဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံက် (၈) နာရီအချိန်က ငါးအိုးကျေးရွာ အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို မိုးမိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးမြင့်လှိုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်၊ မြို့နယ်အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးစည်းမှူးများ၊ ငါးအိုး ကျေးရွာအုပ်စု အုပပ်ချုပ်ရေးမှူး ဦးသန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းလဲ့နှင့် သက်တန်းသူများ၊ သင်တန်းသူများ၏မိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဌ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နယ်မြေတာဝန်ခံ ဦးခင်မောင်ထူး၊ သင်တန်း နည်းပြဆရာမတို့မှ အသီးသီးအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ခဲ့သည်။

သင်တန်းကာလမှာ (၃) လ ကြာမြင့်ခဲ့ပြီး သင်တန်းသို့ သင်တန်းသူ (၇၈)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအပြီးတွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့သည်။

credit >>> zawlwin