ပြည်သူ့လိုအပ်နေသည့် လယ်ရေရရှိရေး ဆောင်ရွက်ပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့ (၇.၉.၂၀၁၇) ရက်နေ့တွင် ပြည်သူလွှတ်တော် ဦးလင်းဇော်ထွန်းနင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်သူလူထုနင့် တွေဆုံခဲ့ပါသည်။
ပြည်သူများ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်နေသော လယ်ရေစိုက်ပျိုးရေးအတွက် ဆည် တင်ပြခဲ့ပြီး (၉.၉.၂၀၁၇) ရက်နေ့တွင် လယ်ကွင်း ဆင်းပြီး ဆည်မြောင်းဦးစီးမှူး လိုက်ပါ၍ ဆည်ပြုလုပ်မည့် ဆည်နေရာကို ကြည့်ရှူပြီး တည်ဆောက်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ