နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ဖို့ တခြားကျန်းမာရေးအတွက် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

ရှေးယခင်က အီဂျစ် ရောမ နဲ့ ဂရိနိုင်ငံသားတို့ဟာ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကိုတွဲပြီး ထိခိုက်ရှနာတာတွေကို ကုသဖို့ နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်ကြာခဲ့ပေမဲ့ ဒီနည်းလမ်းကို ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက အသိအမှတ်ပြုရဆဲပါ။

ပျားရည်မှာ ကျန်းမာရေး အတွက်အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသိကြပါတယ်။ ဒါပေမဲ့ သစ်ကြမ်းပိုးခေါက်အကြောင်းတော့ သိသူနည်းပါတယ်။ သစ်ကြမ်းပိုးခေါက်က အစွမ်းထက်တဲ့ ဆေးစွမ်းတစ်မျိုးပါ။ ပျားရည်နဲ့တွဲပြီးသားသုံးပေးရင်တော့ နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

တခြား အကျိုးကျေးဇူး တွေကတော့ ကိုလက်စထရောကို ကျစေပါတယ် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း သစ်ကြမ်းပိုး ခေါက်မှုန့် လက်ဖက်ရည်ဇွန်း  ၃ ဇွန်း ကို ရောပြီး တစ်နေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းသောက်ပါ။

အဆစ်အမြစ် ရောင်ရမ်းခြင်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း သစ်ကြမ်းပိုေးခါက် စားပွဲတင်ဇွန်း ၁ ဇွန်းကိုရောပြီး ရေနွေးထည့်ထားတဲ့ ခွက်ထဲမှာ ထည့်သောက်ပါ။ မနက်တစ်ခါ ညအိပ်ယာမ၀င်ခင်တစ်ခါသောက်ပါ။

အအေးမိဖျားနာခြင်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း နနွင်းမှုန့် (သို့) သစ်ကြမ်းပိုေးခါက်မှုန့်ကို အနည်းငယ်ရောပြီး သောက်ပေးပါ။

Credit: myfoodmyanmar