မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများအား ​အ​ခြေခံ၍ တန်​ဖိုးမြင့်​ စား​သောက်​ကုန်​နှင့်​လူသုံးကုန်​ ထုတ်​လုပ်​မှုနည်း ပညာ သင်​တန်းဖွင့်​လှစ်

 

မန္တ​လေးခရိုင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူးကာ ပါတီဝင်​အမျိုးသမီး​များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်​​စေရန်​ရည်​ရွယ်​ပြီး ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများဖြစ်​သည့်​ ဆန်​၊ ပဲ၊​ ပြောင်း၊ ဂျုံများအား အခြေခံ၍ တန်​ဖိုးမြင့်​စား​သောက်​ကုန်​နှင့်​လူသုံးကုန်​ထုတ်​လုပ်​မှုနည်းပညာ (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအား (၁၁.၉.၂၀၁၇) ရက်​​နေ့ (၁၂း၀၀) အချိန်​တွင်​ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဒေါ်လှလှ​အေး (အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ မန္တလေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဘို သင်း ၊ ခရိုင်​အတွင်း​ရေးမှူး ဒေါ်ဝါဝါလှိုင်​( အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ခရိုင် ​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌများနှင့်​ ကော်​မတီဝင်​များ၊ သင်တန်းသူပါတီဝင်​အမျိုးသမီးများ တက်​​ရောက်​ခဲ့​ကြပါသည်​။

အဆိုပါသင်​တန်းအား (၁၁.၉.၂၀၁၇) ရက်​နေ့မှ (၁၅.၉.၂၀၁၇) ရက်​​နေ့ အထိ ​နေ့စဉ်​မွန်းလွဲ (၁) နာရီမှ (၄) နာရီအချိန်အထိ ဖွင့်​လှစ်​သင်​ကြား မည့်​ဖြစ်ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး