FullView display ပါဝင်တဲ့ Gionee M7 Power စမတ်ဖုန်းကို စက်တင်ဘာ ၂၈ ရက်တွင် မိတ်ဆက်မည်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Gionee ဟာ M7 Power အမည်ရ ထုတ်ကုန်အတွက် ဓာတ်ပုံလေးပုံကို ဖြန့်ချိခဲ့ ပါတယ်။ အဲဒီထုတ်ကုန်မှာ edge-to-edge display ပါဝင်လာပါတယ်။

မိတ်ဆက်လိုက်တဲ့ဓာတ်ပုံတွေအရ Gioneee M7 Power မှာဘေးဘောင် မပါသလို ရှေ့ဘက် panel ရဲ့ ထိပ်ဘက်နဲ့ အောက်ဘက်က bezel တွေကလည်း အလွန်သေးငယ်တာကို တွေ့ရပါတယ်။

ဒါကြောင့် စမတ်ဖုန်းရှေ့မျက်နှာစာမှာ home ခလုတ်နဲ့ fingerprint scanner ပါဝင်လာဖွယ်မရှိပါဘူး။ 18:9 aspect ration ပါဝင်တဲ့ Gionee ဖုန်းတစ်မျိုးဟာ GFXBench မှာဖော်ပြထားပါတယ်။

အဲ့ဒီဖုန်းက Gionee M7 Power ဖြစ်နိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena