ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီဝင် အခြေခံ အလုပ်သမားအနှေးယာဉ်အဖွဲ့အစည်း(၅၇ဝ) နှစ်ပတ်လည်တွေ့ဆုံပွဲတက်ရောက်

 

ဟင်္သာတမြို့ အခြေခံအလုပ် သမားအနှေးယာဉ်အဖွဲ့အစည်း (၅၇ဝ)နှစ်ပတ်လည်တွေ့ဆုံ ပွဲကို ဟင်္သာနေခြည်ဘက်စုံဖွံ့ဖြိုးရေး စင်တာတွင် ယခုလ ၂ရက် နံနက် ၁ဝ နာရီက ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ အနှေးယာဉ်ဆိုက်ကားအဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးက အဖွင့် အမှာစကားပြောကြားရာတွင် ယခု အခမ်းအနားကိုလာရောက်ခြင်းမှာ အနှေးယာဉ်ဆိုက်ကားအဖွဲ့၏ လုပ်ဆောင်မှုအား လာရောက်ဂုဏ်ပြုရ ခြင်းဖြစ်ကြောင်း၊ မိမိတို့ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် မှန်ကန်သော နည်းလမ်းကိုအသုံး ပြုပြီး လက်တွေ့အကျိုးရှိရှိဆောင်ရွက်မှုလည်း ရှိရန်လိုအပ်ကြောင်း၊ အခြေခံ အလုပ် သမားအနှေးယာဉ် အဖွဲ့အစည်း ၅၇ဝ အနေဖြင့် အောင်မြင်မှုရှိရန်ဆောင်ရွက်နိုင် ကြောင်း၊ အများအကျိုးအတွက် အတ္တနှင့်ပရကိုမျှတအောင်ဆောင်ရွက်ပြီး ဒီ့ထက်ပိုမို တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဝင် ဦးဌေးဦးမိသားစုမှ အနှေးယာဉ် ဆိုက်ကားအဖွဲ့၏ သားသမီးများအား ကျောင်းဝတ်စုံ များပေးအပ် လှူဒါန်းခဲ့ပြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးညွန့်ဦး၊ စက္ခုပါလာဒိဖောင် ဒေးရှင်းဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ အနှေးယာဉ်ဆိုက်ကားအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ မြို့မိ၊ မြို့ဖများဖြစ် ကြသော ဦးအောင်ကြိုင်၊ ဦးအေးချို တို့က အနှေးယာဉ်ဆိုက်ကားအဖွဲ့ မိသားစုမှ သား သမီးများကို ဗလာစာအုပ်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Union daily