ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအခြေခံအိမ်တွင်းမှု သင်တန်းဆင်းပွဲ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ် စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ နာယကဒေါ်နီနီဝင်းက အမျိုးသမီးများအတွက် လူနေမှုဘဝမြှင့်တင်ရေး၊ ကိုယ်ပိုင်ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးရာတွင် တစ်ခုအပါ အဝင်ဖြစ်သည့် စက်ချုပ်သင်တန်းဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများနှင့်ပါဝင်ကူညီကြသူများ၊မြို့မိမြို့ဖများ၊ စေတနာထား၍ သင်ကြားပေးကြသော သင်တန်း နည်းပြများ၊ ကြိုးစားသင်ယူကြ သည့် သင်တန်းသူသမီးငယ်များ၊ သင်တန်းဖြစ်မြောက်အောင် ပံ့ပိုး ဆောင်ရွက်ပေးသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ကို ကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်။
ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးကလည်း သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုငွေများပေးအပ်ပြီး သင်တန်းဆင်း သင်တန်းသူသမီးငယ်များကိုမမေ့အပ်သည့် အရပ်ကြီးသုံးပါးဖြစ် သော ဇာတိမြေ၊ စစ်ပွဲအောင်မြင် သောမြေ(မိမိအောင်မြင်မှုရရှိသော မြေ)၊ ရာဇဘိသေကခံယူသောမြေ (ဦးဆောင်မှုပြုလုပ်သောမြေ)တို့ကို မမေ့သင့်ကြောင်း၊ အကျိုးရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်ကြားတတ်မြောက်ထားသည့် စက်ချုပ် ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေ ရရှိအောင် ဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း၊ အတ္တပရအကျိုးမျှတ အောင် ဆောင်ရွက်ပြီး မိမိတို့နယ် မြေအကျိုး၊ ပြည်သူများအကျိုးအတွက် ဆောင်ရွက် စေလိုကြောင်း၊ သင်တန်းဖြစ်မြောက်အောင် ကူညီ ဆောင်ရွက်ပေးခဲ့သော နယ်စပ်ရေး ရာဝန်ကြီးဌာန(အစိုးရ)၊ ဝန်ထမ်း များ၊ နည်းပြများ၊ ကူညီဆောင် ရွက်ကြသူများ၊ မြို့မိမြို့ဖ များ၏ စေတနာကို ကျေးဇူးတင်ကြရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
Union daily