၁၂၃၈ ဂိုးပြည့်မှ စီရော်နယ်ဒိုအကြောင်း ပြောမည်ဟု ဂန္ထဝင်ကစားသမားပီလီ ပြောကြား
ပေါ်တူဂီဘော လုံးကြယ်ပွင့် စီရော်နယ်ဒိုသည် ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီ၏ နိုင်ငံတကာသွင်းဂိုး ၇၇ ဂိုးကို ကျော်လွန်ကာ ၇၈ ဂိုးပြည့် မြောက်ခဲ့သော်လည်း ပီလီ (၇၆) နှစ်က ရော်နယ်ဒိုအနေဖြင့် ၁၂၈၃ ဂိုး ပြည့်မြောက်သည့်အခါမှ ၎င်း ၏အကြောင်းကို ပြောဆိုမည်ဟု ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်က ကမ္ဘာ့ဖလား၊ ဥရောပဇုန်ခြေစစ်ပွဲ ဖာရိုးကျွန်းစုနှင့်ပွဲတွင် ပေါ်တူဂီက ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့ရာ ရော်နယ်ဒိုက ဟက်ထရစ်ရခဲ့ပြီး နိုင်ငံတ ကာသွင်းဂိုးအရေအတွက်၌ ပီလီ ကို ကျော်လွန်ခဲ့သည်။
ရော်နယ်ဒို ယခုကဲ့သို့စွမ်း ဆောင်နိုင်သည်ကို မြင်ရသဖြင့် ဝမ်းသာမိကြောင်း ပီလီက ပြောကြားခဲ့သည်။ သို့သော် ရီးရဲလ် မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒို သည် ၎င်း၏ ကစားသမားဘဝ တစ်လျှောက် သွင်းယူခဲ့သော သွင်းဂိုးအရေအတွက် ၁၂၈၃ ဂိုး ကို လိုက်မီရန် များစွာလိုနေသေး သည်ဟု ပီလီက ပြောသည်။
ပီလီသည် ဘရာဇီးအတွက် ၉၂ ပွဲကစားပေးခဲ့ကာ ၇၇ ဂိုးသွင်း ယူခဲ့ပြီး ကမ္ဘာ့ဖလားကို (၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀) သုံးကြိမ်ဗိုလ် စွဲရာ၌ ကူညီနိုင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပေါ်တူဂီကို ယူရိုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သော ရော်နယ်ဒိုသည် လက်ရှိအချိန်အထိ နိုင်ငံတကာပွဲ ၁၄၅ ပွဲ ကစားထားပြီး ၇၈ ဂိုးသွင်းယူ ထားသည်။
‘‘သိပ်ဟုတ်တာပေါ့။ ဒါက ခေတ်ကာလတွေ ကွာခြားတယ် ဆိုတာ။ ဒါပေမဲ့ ဘောလုံးနဲ့ ပတ် သက်ရင် အဓိကကျတဲ့ အရာက ဂိုးသွင်းယူနိုင်မှုပါ။ နိုင်ငံတကာသွင်းဂိုးအရေအတွက်မှာ ကျော် လွန်ခဲ့တဲ့အတွက် ရော်နယ်ဒိုအ တွက် အကြီးအကျယ် ဂုဏ်ယူမိ ပါတယ်။ ဒါပေမဲ့ အခုဆိုရင် ရော်နယ်ဒိုဟာ ၁၂၈၃ ဂိုးထက် ပိုပြီး တော့ ဂိုးတွေ သွင်းပြရမှာပါ’’ဟု ပီလီက ပြောသည်။
နိုင်ငံတကာသွင်းဂိုးအများ ဆုံး စာရင်းတွင် အီရန်မှ အလီဒေ အီက ၁၀၉ ဂိုးဖြင့် ဦးဆောင်နေ ပြီး ယင်းနောက်တွင် ပွတ်ရှ်ကတ် (ဟန်ဂေရီ)က ၈၄ ဂိုး၊ ကာမာမို တို (ဂျပန်)က ၈၀ ဂိုး၊ ချီတာလူ (ဇမ်ဘီယာ)က ၇၉ ဂိုးဖြင့် ရပ် တည်လျက်ရှိကာ ရော်နယ်ဒိုက ပဉ္စမနေရာတွင် ရှိနေသည်။
—Ref:Goal/AS