Instagram Stories ကို ဝက်ဘ်ပေါ်တွင် အသုံးပြုနိုင်ပြီ

Stories ကို desktop နဲ့ မိုဘိုင်းဝက်ဘ်ပေါ်မှာ ကြည့်ရှုနိုင်မယ့် လုပ်ဆောင်ချက်ကို Instagram က ထည့်သွင်းပေးလိုက်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ခဏတာမြင်တွေ့ရမယ့် post တွေကို အရွယ်ကြီးမားတဲ့ screen တွေပေါ်မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

မကြာခင်မှာတော့ မိုဘိုင်းဝက်ဘ်ပေါ်ကနေတစ်ဆင့် Stories တင်နိုင်မယ့် လုပ်ဆောင်ချက်ကို Instagram က ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ ပုံတွေနဲ့ ဗီဒီယိုတွေကို မဝေမျှမီ ပြင်ဆင်လိုသူများအတွက် အသုံးတည့်စေမယ်လို့ ဆိုပါတယ်။

ဒီ update ကို သြဂုတ်လ ၃၁ ရက်ကစတင်ပြီး ကမ္ဘာတစ်ဝန်းက သုံးစွဲသူများထံ ဖြန့်ချိပေးနေပါတယ်။ Upload feature ကိုတော့ နောက်လအနည်းငယ်အတွင်း ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သုံးစွဲသူတွေက desktop ကနေတစ်ဆင့် ဓာတ်ပုံနဲ့ Stories ကို တင်နိုင်မှာမဟုတ်ဘူးလို့ Instagram က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge