အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးလူငယ် သန့်ရှင်းရေးပြုလုပ် ဘက်စုံအလှူငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ လူငယ်ထု လှုပ်ရှားမှုအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၌ ယမန်နေ့ နံနက် ၆ နာရီက ဘုရားပန်းကပ် ခြင်း၊ သန့်ရှင်းရေးကုသိုလ်ပြုလုပ် ခဲ့ကြသည်။

ထိုသို့ပြုလုပ်ရာတွင် လူငယ်တာဝန်ခံ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆောင်၊ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်နှင့် ခရိုင် ကော်မတီဝင်များ၊ အနောက်ပိုင်းခရိုင်အတွင်းရှိမြို့နယ် ၁၃ မြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် လူငယ်တာဝန်ခံများ လုပ်အားဒါနကုသိုလ် ယူလုပ်ဆောင်ခဲ့ပြီး ငါးထပ်ကြီး ဘုရားဂေါပကအဖွဲ့သို့ ဘုရားကြီး ဘက်စုံအသုံးပြုရန် အလှူငွေကျပ် တစ်သိန်းကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)