ယူအက်စ်အိုးပန်းတင်းနစ် စတုတ္ထအဆင့်တွင် ရှာရာပိုဗာ ရှုံးနိမ့်

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပြိုင်ပွဲမှာ နာမည်ကြီး တင်းနစ်မယ် ရှာရာပိုဗာ ရှုံးနိမ့်သွားပါတယ်။

ရုရှားတင်းနစ်မယ် ရှာရာပိုဗာအတွက်တော့ တားမြစ်ဆေးကြောင့် အပိတ်ခံရပြီး နောက်ပိုင်းမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ဂရန်းစလန်းပြိုင်ပွဲလည်း ဖြစ်ပါတယ်။

လတ်ဗီးယားသူ ဆီဗက်တိုဗာက ပထမပွဲမှာ ရှာရာပိုဗာကို ၅ – ၇ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ကျန် ၂  ပွဲမှာတော့ ဆီဗက်တိုဗာက ၆ – ၄၊ ၆ – ၂ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက် သွားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဆီဗက်တိုဗာဟာ အမေရိကန်က စတက်ဖန်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

-Ref; Sky sports