Internet Access နဲ့ e-Library ရရှိရေးအတွက် စနစ်တကျ အကောင်အထည်ဖော်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးပြော

ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသားကျောင်းသူများ ဆရာ၊ ဆရာမများ Internet Access နဲ့ e-Library ရရှိရေးအတွက်စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

” နည်းပညာတက္ကသိုလ် (ဗန်းမော်) ၏ ပင်မဆောင်ကြီးတွင် Internet Access တပ်ဆင်နိုင်ရန် ဗန်းမော်မြို့ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးရုံးနှင့် ဆက်သွယ်ညှိနှိုင်းပြီး Fiber Optic Line ရရှိနိုင်ရေး စိစစ်ဆောင်ရွက် နေဆဲဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ ကုန်ကျမည့် ကုန်ကျစရိတ်တွေကိုလည်း တွက်ချက်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ လျာထားချက်များ ဆောင်ရွက်သည့် အချိန်တွင် ထည့်သွင်းလျာထား တင်ပြတောင်းခံသွားမှာပါ ” လို့ ဒေါက်တာမျိုးသိမ်းကြီးမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

Wi-Fi အသုံးပြုရာမှာ Connection ပိုမိုကောင်းရန်အတွက် Internet Wi-Fi သုံးစွဲနိုင်မှုကို ပင်မ ကျောင်းဆောင် ကြီးအတွင်းသုံးစွဲရရှိနိုင်ရန် Fiber Optic Line တပ်ဆင်ရရှိရေးကို ဦးစားပေးဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

-သန္တ