မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ် ပုံမှန်အစည်းအဝေး ကျင်းပ

 

မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီ ပုံမှန် လစဉ်အစည်းအဝေးကို ၃၁.၈.၂၀၁၇ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီကော်မတီ ပုံမှန် လစဉ်အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများကို ဆွေးနွေးသုံးသပ်ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်ကြရမည့် ပါတီလုပ်ငန်းတာဝန်များ ရေးဆွဲဆောင်ရွက်သွား ကြရန် ဆုံဖြတ်တာဝန် ယူခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒသဘောထား ရပ်တည်ချက်များကို အမျိုးသား ရေးအမြင် ခံယူချက်များဖြင့် ပါတီရည်မှန်းချက် ပန်းတိုင်သို့  စည်းလုံး ညီညွတ် လက်တွဲကါ အောင်မြင်သည်အထိ ထက်သန်တက်ကြွသော အောင်စိတ် နိုင်စိတ်များနှင့် ဆောင်ရွက်သွားကြပါမည်။

လင်း ခေတ်သွေး