တက်တူးကြောင့်ဘောလုံးသမားတွေရဲ့စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တယ်လို့ ဂျာမန်ဆရာဝန် သတိပေး

ဘောလုံးသမားတွေအကြား တက်တူးထိုးတဲ့အလေ့အထ ပိုရေပန်းစားလာချိန်မှာ ဂျာမန်ဆရာဝန်တစ်ဦးက တက်တူးကြောင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကစားသမားတွေ တက်တူးမထိုးအောင် တားမြစ်ရမှာက ကလပ်အသင်းတွေရဲ့ တာဝန် ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဂျာမနီနိုင်ငံ၊ ကိုလုံးအားကစားတက္ကသိုလ်မှ ဆရာဝန်တစ်ဦးရဲ့ အဆိုအရ တက်တူးထိုးရမှာ သုံးတဲ့ မှင်ကနေ ပါဝင်တဲ့အဆိပ်ဟာ အရေပြားတဆင့် သွေးကြောထဲရောက်သွား တာကြောင့် ကစားသမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ အင်ဂိုဖရော့ဘ်ဘို့စ်က”ကျွန်တော်သာဆိုရင် ကစားသမားတွေ တက်တူးထိုးတာကို တားမြစ်မှာပါ။ ကစားသမားတွေရဲ့ ကျန်းမာရေးကိစ္စ အသေးအဖွဲလေးတွေကအစ ကလပ်အသင်းတာဝန်ရှိသူတွေ ဂရုစိုက် သင့်ပေမယ့် လုံးဝမစိုက်ကြပါဘူး။ များစွာသောလေ့လာတွေ့ရှိချက်တွေအရ ကစားသမားတွေဟာ တက်တူး ထိုးပြီးတိုင်း ပုံမှန်စွမ်းဆောင်ရည်ထက် (၃)ရာခိုင်နှုန်းကနေ (၅)ရာခိုင်နှုန်းအထိ ကျသွားပါတယ်။

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ နေရာအများဆုံးယူထားတာက အရေပြားပါ။ ဒါပေမယ့် အရေပြားကို အဆိပ်သင့် အောင် ကျွန်တော်တို့လုပ်နေကြပါတယ်”လို့ ပြောပါတယ်။

-Ref; Sky sports