သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကျောင်းသုံးဗလာစာအုပ်များ စာရေးကိရိယာများနှင့် အာဟာရ မုန့်ထုပ်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်က ယနေ့ နံနက် ၁ဝနာရီက သဲကုန်းတူးမြောင်းကျေးရွာ အုပ်စု တူးမြောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အာဟာရမုန့်ထုပ်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းရာသို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးကျင်ဝင်း၊ ဦးသောင်းအေး၊ ဦးသိန်းအောင်၊ ဦးကြည်ဝင်းနှင့် တိုက်နယ်တာဝန်ခံ ဦးသက်လွင်မိုး တို့က ကျောင်းသုံးဗလာစာအုပ် ဒါဇင်၂ဝ၊ ဘောပင်များ၊ ခဲတံများ ကို ကျောင်းသားကျောင်းသူများ တစ်ဦးချင်းစီထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူ ၉၇ဦးကိုလည်း အာဟာရမုန့်ထုပ်များကျွေးမွေးလှူဒါန်း ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့ကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)